''နင်ပဲစဉ်းစားကြည့်စမ်းပါ…အမရာ…အဲ့ဒီအုန်းသာကူဘယ်လောက်တောင်အသဲယားဖို့ကောင်းလဲဆိုတာ…''''စဉ်းစားစရာမလိုဘူး…နင်သူ့ကိုကြိုက်နေတာမလား…''
''ဟာဗျာ…မဟုတ်တာ''
''အေး…ငါ့လာပြောရင် ဒါပဲပြန်ပြောမှာ…ဘယ့်နှယ့်တစ်ညနေလုံးပြန်ရောက်ကတည်းက အုန်းသာကူကိုပါးစပ်ကမချဘူး…သွားစမ်းပါဟယ်…ထမင်းစားနေရင်ခွေးတောင်မနှောင့်ယှက်ရဘူးတဲ့…သွား''
လောလောဆယ် ကိုယ့်ကိုခွေးသလိတ်ဆန်လေးလိုနှင်နေတာကသူရယ်ပါ။ပြောတော့မန္တလေးတက္ကသိုလ်ကအင်္ဂလိပ်စာtutorတဲ့။လူကဒူးတစ်ဖက်ထောင်ပြီးထမင်းနယ်စားနေတာ။ကြည့်နေတာက donghuaတွေ။အိမ်မှာဆိုတော့လည်းမပြောတော့ပါဘူး။အမေတောင်ဘေးမဲ့ပေးထားတဲ့အမကဘယ်တုန်းကဘေးလူပြောစကားကိုနားထောင်ခဲ့ဖူးလို့လဲ။
ကိုယ်လည်းဘာမှမဟုတ်ပါဘူး။ကာတွန်းမြင်တော့ ဟိုကျေးဇူးရှင်လေးကိုသတိရမိသွားလို့ အမနဲ့စကားထိုင်ပြောဖြစ်တာလေးကို လူကတစ်ဖက်သတ်ကြိုက်တဲ့အဆင့်ထိရောက်သွားရော။
အုန်းသာကူကချစ်ဖို့ကောင်းပေမဲ့ စွာလွန်းလို့ခက်နေတာ။
ရှပ်ကြယ်သီးကိုဖြုတ်နေတဲ့လက်ကတွန့်ခနဲ။
နေပါဦး
အခုအုန်းသာကူကို ချစ်ဖို့ကောင်းတယ်လို့တွေးမိတာလား။>>>>>>>>>>>><<<<<<<<<<
စနေ တနင်္ဂနွေကျောင်းပိတ်ရက်က အဆောင်တွင်းပုန်းကျွန်တော့်အတွက်တော့ ပျင်းစရာကောင်းမနေပါဘူး။ကျွန်တော်ကကျွန်တော့်အချိန်တော်တော်များများကို တစ်ယောက်တည်းတိတ်တဆိတ်ကုန်ဆုံးရတာကိုက comfort zoneလိုဖြစ်နေတာ။
အဲ့လိုဆိုတိုင်း တခြားလူတွေနဲ့လည်းအပေါင်းအသင်းမလုပ်တာမဟုတ်ပါဘူး။ကျောင်းမှာဝေဝေတို့နဲ့ပေါင်းပြီး အဆောင်မှာဆိုဘေးခန်းကပြည့်ကြီးနဲ့မိုးဦးတို့နဲ့ကသူငယ်ချင်းတွေ။နောက်ထပ် ကရင်ကြီးလည်းရှိသေးတယ်။ကရင်လူမျိုး …နာမည်က ငါးလုံးဆိုတော့ကျွန်တော်တို့ခေါ်ရလွယ်အောင် ကရင်ကြီးလို့ပဲခေါ်ဖြစ်တာ။အကုန်လုံးကဒီရောက်မှတွေ့ဖူးတာဆိုပေမဲ့ စိတ်ရင်းကောင်းကြတဲ့သူတွေချည်းပဲ။
YOU ARE READING
Love Is Hard For Otaku
Fantasyအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ