မခင်တို့ကလုပ်ပြန်ပြီ။အငယ်တန်းစာရေးလေးတွေခိုင်းလည်းရနေတဲ့အလုပ်ကို ကိုယ့်ကိုလာခိုင်းပြန်ပြီ။အားနေတာမို့လို့သာလုပ်ပေးလိုက်တာပါ။တကယ်က လာမဲ့ကျောင်းactivitiesကြော်ငြာစာနဲ့roll-call စာရွက်လိုက်ပေးရတာကကိုယ့်အလုပ်မဟုတ်။ဒါပေမဲ့ ဘာလုပ်လုပ်ထောင့်စေ့အောင်လုပ်တတ်တဲ့ကိုယ့်ကိုပဲစိတ်ချလို့ပါဆိုပြီးအလိမ္မာနည်းနဲ့ခိုင်းတယ်။အငယ်တွေကျမလုပ်တတ်မကိုင်တတ်နဲ့ဆိုတော့ လုပ်တတ်အောင်ခိုင်းမယ်မရှိဘူး။
ပြောရင်လည်း ယောကျာ်းကြီးတန်မဲ့ပါးစိပါးစပ်များတယ်ထင်ခံရတာနဲ့ မခင်တို့ကကိုယ့်ထက်အကြီးဖြစ်နေလို့ဝင်မပါတော့တာ။စိတ်ကသိပ်တော့ကြည်မနေ။အရင်အလုပ်တွေတုန်းကလဲ အဲ့လိုပဲ။သူများကပြီးပြီးရောလုပ်သွားပေမဲ့ မနေနိုင်တဲ့ကိုယ်ကပဲအမြင်မတော်တာကအစသိမ်းကျုံးလုပ်ပေးတော့လည်း ထွဋ်ခေါင်တို့ကပွကြီးဖြစ်ပြန်ရော။ဘာလုပ်လုပ် သူများထက်ကောင်းအောင်ကိုမလုပ်ရဲဘူး။လုပ်တတ်တယ်ဆိုတာနဲ့ ဒီလူ့ခေါင်းပေါ်ပဲပုံချနေတာ။ကောင်းအောင်လုပ်တာတောင်မှသောက်ပြစ်တစ်ခုလိုဖြစ်နေတာ။
စစ်ကိုင်းဆောင် Physicsဌာနဘက်ကပြန်လာပြီး နီးတဲ့တကောင်းဆောင် အင်္ဂလိပ်စာဌာနဘက်တက်လာခဲ့လိုက်တယ်။ခုံဝိုင်းကြီးရိုက်ထားတဲ့အပင်ကြီးရှိတဲ့လှေကားဘက်ကနေတက်လာလိုက်တာ ဒုတိယထပ်ကိုတက်မဲ့လှေကားဘက်ကိုကွေ့ခါနီး တစ်ခုခုကိုနင်းမိသလို။
''အ!"
နင်းမိရုံတင်မကဘူး။လူကိုပါဝင်ဆောင့်မိတာ။အင်္ဂလိပ်စာဌာနအတွက်roll-callစာရွက်ကိုငုံ့ရှာနေတဲ့အချိန်နဲ့တစ်ဖက်ကလူကိုဝင်တိုက်မိသလိုဖြစ်သွားတာ။ကျေးဇူးရှင်ကလည်းလူကိုမမြင်ဘူးလားမသိ။
တစ်လက်စတည်း နောက်ဆုံးတော့တက္ကသိုလ်မှာနေရင်းလှေကားမှာဝင်တိုက်မိဖူးသွားပြီပဲဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးကဝင်လာသေး။
''စိုကုန်ပြီ''
ဒေါသတကြီးပြောတဲ့အသံမဟုတ်။စိတ်ပျက်လက်ပျက်ရေရွတ်တဲ့အသံမဟုတ်။ဝမ်းနည်းပက်လက်ခပ်တိုးတိုးဆိုနေပေမဲ့ ကြားဖြစ်အောင်ကြားလိုက်သေးတယ်။

YOU ARE READING
Love Is Hard For Otaku
Fantasíaအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ