နေ့ရက်တိုင်းက သူ့ဟာသူပုံမှန်လည်ပတ်နေတာပါပဲ။အဲ ပုံမှန်မဟုတ်တာဆိုလို့ ဟိုလူကြီး။ပျောက်သွားတာ သုံးရက်လောက်တော့ရှိပြီ။သူ့အပြစ်နဲ့သူမို့ မျက်နှာမပြရဲတာလား ဘာလားတော့မသိပေမဲ့ အဲ့လူကြီးကလွဲ အရာအားလုံးကပုံမှန်ပဲ။စာသင်ချိန်တစ်လှည့် ကျူတိုချိန်တစ်လှည့်နဲ့ လုံးလည်ချာလည်ရိုက်နေရင်း နေ့လည်စာထမင်းတစ်နပ်အတွက်လည်းခေါင်းစားရတာနေ့တိုင်းပေါ့ဗျာ။
''ဟဲ့…ငါအမြင်မှားတာတော့မဟုတ်ပါဘူးနော်…''
ရှေ့တန်းကဝေဝေ့ရဲ့စကား။စာအုပ်တွေထည့်သိမ်းနေတဲ့ကျွန်တော်တို့ကချက်ချင်းမတုံ့ပြန်နိုင်။သူ့ဟာသူ ဘေးကထိုင်နေတဲ့ကောင်မလေးပဲပြောတာလားမသိ။
''လူကြီး…နင့်လူကြီး ဟိုမှာ…''
''ဘာလဲဟ…နင့်လူကြီး''
ဝေဝေ့စကားဆို စိတ်ဝင်တစားရှိတဲ့ရှိုင်းသစ်က ဦးအောင်မေးပေမဲ့ ကာယကံရှင်ကကျွန်တော့်ဘက်လှည့်လာတယ်။
''လင်း…လင်းလူကြီး ဟိုမှာ အခန်းရှေ့မှာ ကွက်ချောင်းကွက်ချောင်းနဲ့''
''ဘာငါ့လူကြီးတုန်း… ''
''နင့်ဘဲ ကိုထွဋ်ခေါင်ကိုပြောနေတာ…''
''ကိုထွဋ်ခေါင်က ဘယ်တုန်းကမင်းဘဲဖြစ်သွားတာတုန်း''
ကျွန်တော်တောင်ဘာမှဝင်မပြောနိုင်။မျက်မှန်စိုင်းစိုင်းကနဝေတိမ်တောင်နဲ့ ကျွန်တော့်လာကြည့်နေတယ်။
''တော်ကြစမ်းပါ…လူကြားလို့မကောင်း''
အိတ်ကောက်လွယ်ပြီးအတန်းရှေ့ထွက်လာတော့ တကယ်ဟိုလူကြီးဗျာ။လက်ထဲမှာလည်း ခြင်းတောင်းကြီးနဲ့။ဝရံတာလက်ရန်းကိုခပ်ပျော့ပျော့မှီနေတဲ့လူကြီးက ကျွန်တော်ထွက်လာမှ သတိဝင်လာတဲ့ပုံနဲ့။
''အုန်းသာကူ…''
''ကျောင်းသားရေးရာမှာရှိနေရမဲ့ လူကဒီသုံးထပ်ဆောင်အပေါ်ဆုံးထပ်ကိုဘာလာလုပ်တာတုန်း…''
''အဲ့ဒါကလေ…ဟိုလေ''
ခေါင်းကုတ်လိုက် လည်ပင်းပွတ်လိုက်နဲ့ ရုပ်ကသူမဟုတ်သလိုအူတူတူလုပ်နေတာ။ဝေဝေနဲ့ရှိုင်းသစ်ကအချင်းချင်းလက်တို့ပြီး ဘာတွေကြိတ်ပြောနေလဲမသိ။မျက်မှန်ကတော့ ထုံးစံအတိုင်း ဓာတ်ပုံတစ်ချက်ရိုက်ပြီးသံတော်ဦးတင်နေပြီ။
YOU ARE READING
Love Is Hard For Otaku
Fantasyအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ