Epi-15

3 2 0
                                    


"ကိုရှင်း"

ခေါ်သံနောက် အနားရောက်လာသည့်အစ်ကိုတစ်ယောက်။ ရှေ့ကလူကြီးကိုကြည့်နေတဲ့မျက်လုံးတွေကခပ်ပြုံးပြုံးရယ်။ဘာရယ်မဟုတ် ကျွန်တော်နဲ့ဝေဝေတိုင်ပင်စရာမလိုပဲအကြည့်ချင်းဆုံမိကြတယ်။

"ဪ…မြတ်ခေါင်"

လူကြီးကတစ်ချက် ရှိုးတိုးရှန့်တန့်ဖြစ်သွားပေမဲ့ ချက်ချင်းပဲသူ့အမူအယာသူပြန်ထိန်းလိုက်တယ်။

"စားပြီးပြီလား…ကိုရှင်း"

"အင်း…မင်းကော"

"တွေ့တဲ့အတိုင်း အခုမှစားမှာ"

"စားလေ…နောက်ကျနေဦးမယ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ…သွားဦးမယ်"

လူကြီးကခေါင်းငြိမ့်ပြပြီးတဲ့နောက် ထွက်သွားတဲ့အစ်ကိုကျောပြင်ကိုငေးကြည့်ပြီးမှ မျက်နှာလဲွှလိုက်တယ်။လူကြီးပုံစံနဲ့ဆို တစ်ဖက်လူကိုဖက်လဲှတကင်းဆက်ဆံနိုင်ပေမဲ့ ဆွံ့အသလို အနေရခက်သလိုလူကြီးပုံစံကြောင့် သေချာပေါက် နှစ်ယောက်သားကမရိုးသားလို့ပေါ့။အင်း တစ်ယောက်ယောက်ကမရိုးသားတာဆိုပိုမှန်မယ်။

"ဟဲ့…သွားရအောင်လေ…မေဂျာချိန်ကြီးရှိသေးတာ…စာကမေးဦးမှာတဲ့.…မသိပါဘူးဆိုနေ"

"နင်မသိရင် ငါပြောပြမှာပေါ့"

"နင်ကဘယ်လိုပြောပြမှာလဲ…အဲ့အတန်းချိန်နင်လစ်ထားတာလေ…အားကစားပါတယ်ဆိုပြီး"

"ဟုတ်သားပဲ"

တစ်ယောက်တစ်ပေါက်ပြောနေတဲ့ဝေဝေနဲ့ရိှုင်းသစ်။စိုင်းနော်ဆိုင်းက သူ့လက်တံရှည်ကြီးဆန့်ပြီး စားပဲွထိုးခေါ် ပိုက်ဆံရှင်းဖို့လုပ်နေပြီ။

"senpai"

"ဪ အေး…သွားမယ်လေ"

"senpai"

"အင်း"

"ခုနကအကိုနဲ့…စကားသေချာပြောကြည့်ဦးနော်"

မျက်ခုံးတန်းတွေ မသိမသာတွန့်ချိုးနေတဲ့လူကြီးကျောပြင်ကိုပုတ်ပေးရင်းပြောတော့ ခေါင်းငြိမ့်ပြပြီး ကျွန်တော့်ကိုအသေအချာကြည့်လာတယ်။သေချာပေါက် အစောကအစ်ကိုကဘယ်သူလဲဆိုတာ ကျွန်တော်သိသွားပြီပဲဆိုတဲ့ အကြည့်နဲ့။ဝေဝေတို့ကလဲ ဘာလဲဆိုတဲ့အထာနဲ့"

Love Is Hard For OtakuWhere stories live. Discover now