ဘဝမှာ တစ်ခါမှသူများရဲ့ Active nowမီးစိမ်းလေးကိုကြည့်ပြီးစိတ်လှုပ်ရှားရမယ်လို့မထင်ခဲ့။လိုင်းပေါ် မီးစိမ်းလေးနဲ့ပတ်သတ်လို့အဖီးတလိုင်းpostတွေမြင်တာတောင် စောင်ပိုတွေလို့ထင်ခဲ့တာ အုန်းသာကူနဲ့မှတက်တက်စင်အောင်လွဲ။fall in loveသွားတဲ့နောက် ဘာကိုမှမရယ်ရဲဘူး။ဝဋ်လည်မှာစိုးလို့။accထဲအရင်ဝင်ပြီး စနည်းနာရတယ်။share postချည်းသာပြည့်နေတဲ့ အပြင် အတော်များများကလည်းonly meတွေနဲ့မို့ဘာမှန်းမသိ။တစ်ချက်တစ်ချက်မှသာ anime characterတွေကိုeditထားတဲ့ လှုပ်စိလှုပ်စိvdတွေလောက်ပဲတွေ့တယ်။လူတင်မကဘူး။အကောင့်ကပါ စာအုပ်ကြီးအတိုင်းပဲ။
''အယ်''
သူတင်တာမဟုတ်ပေမဲ့ သူ့ကိုtagထားတဲ့postမှာတော့ ပေါ်တော်မူလေးကပါလာပါပြီ။Eမေဂျာ တကောင်းဆောင်ကိုနောက်ခံထားပြီးpostမျိုးစုံနဲ့သူ့သူငယ်ချင်းတွေပုံကြားက ခေါင်းလေးငဲ့ရင်းပါးချိုင့်ခပ်ရေးရေးလေးပေါ်ရုံပြုံးထားတဲ့ အုန်းသာကူ။captionကတော့ ထုံးစံအတိုင်း first day of uniဘာညာပေါ့။
ဒါမျိုးဆို လက်ကအော်တိုဆေ့ပြီးသား။ရွှေထက်ရှားတဲ့ အုန်းသာကူပုံရတာနည်းနည်းနောနောကံကောင်းမှုကြီးလား။
အိမ်း။ဒီကောင်လေးနှယ် ဘယ်အချိန်ရှိနေပြီလဲ။စာတွေဘာတွေလုပ်ဖို့စိတ်ကူးမရှိတာလား။လိုင်းကြီးဖွင့်ထားတာကိုမေ့နေတာလား။ဒီကလေးမီးစိမ်းနေတာအတော်ကြာပြီ။ဘာတွေများလုပ်နေတာလဲ။စာပို့လိုက်ရမလား။နေဦး။ပို့ရင်ကောဘာပို့ရမှာလဲ။အပြင်မှာသာ ရေပက်မဝင်အောင်ပြောတာ။လိုင်းပေါ်မှာဆိုသူများလာပြောတာတောင်ဘာပြန်ပြောရမှန်းမသိ။အဲ့တာကြောင့် ကျောင်းတုန်းကအချေကိုယ်တော်ဆိုပြီးနာမည်တပ်ခံရတာ။
Shinn-ဘာလုပ်နေလဲ အုန်းသာကူ?
မသိဘူး။ပို့တာမပို့တာ ကိုယ့်အပိုင်း။replyပြန်ဖို့က သူ့အပိုင်း။လက်သည်းထိပ်ကိုတတိတိကိုက်နေရင်းက seenပြသွားတော့ လူကခြေဖျားလက်ဖျားတွေတောင် အေးလာသလို။
Yeit Linn-ပြည်ထောင်စုနေ့အတွက် ကမဲ့လူစာရင်းကောက်နေတာ Senpai
ဪ။ကောင်းကောင်းမွန်မွန်နဲ့replyပြန်ပေးလို့တော်သေး။ဒီကလေးဝသီအတိုင်းဘုတောနေမလားလို့လူကလောင်နေတာ။
YOU ARE READING
Love Is Hard For Otaku
Fantasyအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ