မြတ်ခေါင်နဲ့ကိုယ်နဲ့ကိစ္စကပြီးနေပြီ။မပြီးသေးတာက ဟိုကလေးတစ်သိုက်။အထူးသဖြင့် fujoushiမ။မြတ်ခေါင်နဲ့ကိုယ့်အကြောင်းကိုအတင်းလှည့်ပတ်မေးရင်း ကိုယ့်နှလုံးသားရေးကိုစူးစမ်းနေတာ။"အကိုနဲ့အဲ့အကိုကြီးနဲ့က အရင်တည်းကသိတာလား"
"ဆိုပါတော့"
"ဒါနဲ့လေ ညီမကြားတာကိုပြန်ပြောတာပါ…အရင်တုန်းကEမေဂျာနဲ့chemistryဘတ်စကတ်ေဘာပဲွမှာရန်ဖြစ်ကြတာဆို"
"အင်းလေ"
"အဲ့တာကလည်း အကိုတို့နဲ့ဆို…ညီမကညီမကြားတာပြန်မေးကြည့်တာနော်အကို"
"အင်းလေ…ငါလုပ်တာလေ…ငါ့ကြောင့်ရန်ထဖြစ်ကြတာ"
ဒီကောင်မလေးနှယ် ဘယ်အထိတောင်သိထားတာလဲ။သူတောင်သိနေပြီဆိုမှတော့ ဘေးကအုန်းသာကူတို့ပါသေချာပေါက်သိနေပြီးလောက်ပြီပေါ့။ဒါပေမဲ့ အုန်းသာကူကမြတ်ခေါင်ကိုကိုယ့်ကိုဖွင့်ပြောထားတဲ့လူအနေနဲ့ပဲသိတာ။ဆက်ပြောလည်းဘာမှထူးနေမဲ့ကိစ္စတွေမဟုတ်။
"ညီမစိတ်ထဲထင်တာကိုပြောတာနော် …ဟီး…အဲ့အကိုကြီးကအကို့ကိုကြည့်တာတစ်မျိုးလေးနော်"
"ဟ!ဘယ်လိုတောင်လား…ဒီကောင်မလေးနဲ့တော့…ငါတို့ကသူငယ်ချင်းတွေဟ"
"အယ် ညီမလည်းဘာပြောရသေးလို့လဲ…နော့ လင်းရာ"
"အင်းလေ...ခင်ဗျားကဘာတွေမျှော်လင့်နေတာလဲ"
"ဒီဟာလေးတွေနဲ့တော့…အေး မေးဦးမယ်…ဘတ်စကတ်ဘောက ဘယ်မေဂျာနိုင်သွားလဲ"
"ဟိုဆပ်ပြာဖျော်တဲ့မေဂျာကလေ…ကျောင်းပြီးသွားတဲ့လက်ရွေးစင်တွေပါခေါ်ဆော့တော့ ဒီကငနုလေးတွေကဘယ်ရမှာလဲ"
"အရှည်ကြီးပါတယ်မလား…"
"ပါတယ်ဗျ…ကျွန်တော်ကအရန်ခုံမှာပဲထိုင်နေရတာ…"
"ပေးမဆော့တာလား"
"မဟုတ်ဘူးဗျ…ကောင်မလေးကကျွန်တော်ထိခိုက်မှာစိုးတယ်ပြောလို့"
"ဒီစောက်ကြော်ကတော့!"
ရိှုင်းသစ်ကအရှည်ကြီးဇာတ်ပိုးကိုအုပ်ရင်းပြောတဲ့စကား။သူကိုယ်တိုင်က ဖရန့်ဇုန်ထဲထည့်ခံထားရတာကိုကျ မေ့နေတဲ့ပုံ။

YOU ARE READING
Love Is Hard For Otaku
Fantasyအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ