Epi-4

9 4 0
                                    


''ရှင်းထွဋ်ခေါင်!"

ဖုန်းစပီကာကိုအမြန်ပိတ်လိုက်တာတောင် အသံကပြဲလန်နေတုန်း။ဘယ်သူမှမဟုတ်ဘူး။ကိုယ့်အမအရင်းကြီးပါ။''မောင်လေးရေ''ဆိုတာ သူ့တစ်သက်မခေါ်ဖို့ ဘုရားမှာအဓိဋ္ဌာန်ဝင်ထားသလားပဲ။

''ပြော အမ...''

''ငါနင့်ကို အခုပိုက်ဆံသုံးသောင်းလွှဲပေးလိုက်မယ်...''

''မုန့်ဖိုးလား...''

''အေး...မုန့်ဖိုး နင့်အတွက်တော့မဟုတ်ဘူး...''

''အဲ့ဒါဘာကိစ္စနဲ့လွှဲမလို့လဲ''

''ပြောတာနားထောင်...မရှည်နဲ့''

နားထောင်ဆိုလည်း နားထောင်ပေါ့။ကိုယ်မှမသိတာ။

''ငါ့သူငယ်ချင်းကသူ့မောင်လေးအတွက်မုန့်ဖိုးလွှဲပေးလိုက်တာ...ကလေးကိုတိုက်ရိုက်လွှဲပြီးသွားထုတ်ရင် သူတို့ကရာခိုင်နှုန်းတွေဖြတ်ပြီးမုန့်ဖိုးလျော့မှာဆိုးလို့ ငါ့အကောင့်ထဲလွှဲပေးလိုက်တာ...အခုငါနင့်အကောင့်ထဲပြန်လွှဲပေးလိုက်မယ်...အဲ့တာATMကနေထုတ်ပေးလိုက်''

''အဲ့ကောင်လေးက အကောင့်မရှိဘူးလား...အကောင့်ကနေပဲငွေချေသုံးပေါ့''

''ရှိတယ်...ဒါပေမဲ့ သူ့အမကငွေသားပဲကိုင်စေချင်လို့ ...ATMကျတော့ကလေးကကတ်မရှိလို့''

''ဘယ်လိုတောင်လဲ...''

''လျှာရှည်မနေနဲ့...လုပ်ပေးလိုက်... ငါအဲ့ကလေးဖုန်းနံပါတ်ပေးလိုက်မယ်...ကလေးကနင်တို့ကျောင်းက Eမေဂျာ first yearတဲ့''

Eမေဂျာဆိုမှ မဆီမဆိုင် ဟိုအုန်းသာကူကိုပြေးသတိရတယ်။လူလည်ပန်ကာက အကောင့်မရှိ ATMကတ်မရှိတော့မဖြစ်နိုင်ဘူး။

''အမကရော...''

''ဘာလဲ...''

''ကျွန်တော့်ကို မုန့်ဖိုးပေးဖို့ စိတ်ကူးမရှိဘူးလား...''

''ဟဲ့...နင်ကသောက်ငတ်လား...နင့်သင်တန်းကရတဲ့ပိုက်ဆံနဲ့စာရေးလစာနဲ့မျိုစမ်း...ငါရှာတဲ့ပိုက်ဆံက ငါ့ကြောင်တွေနဲ့ငါ့ညီမလေးကို အမ်းဖို့ဟဲ့''

''ညီမလေး ညီမလေးနဲ့ ဟိုကအဖက်လုပ်တာကျလို့...''

''လုပ်တာ မလုပ်တာ သူ့အပိုင်း...အမ်းဖို့ကငါ့အပိုင်း''

Love Is Hard For OtakuWhere stories live. Discover now