''itadakimasu!!!"
နောက်ဝိုင်းကစီခနဲထွက်လာတဲ့အသံ။ပါးစပ်ထဲရောက်ပြီးသားကော်ဖီတွေဖိတ်မကျအောင်အမြန်ပြန်ထိန်းလိုက်ရတယ်။ဘယ်နှယ့် လူကကော်ဖီလေးသောက်ပြီးကိုယ်အတွေးနဲ့ကိုယ်ငြိမ့်နေပါတယ်ဆိုမှ အဲ့လိုထအော်တော့မလန့်ပဲနေမလား။တကယ့်ဟာတွေ။အာပြဲချက်က ဘယ်လောက်တောင် ဂျပန်ပါးဝနေလဲမသိဘူး။
''first yearလေးတွေထင်တယ်…အသွက်လေးတွေ''
''ဟုတ်ပ…ရောက်ကတည်းကကြည့်နေတာ လေးယောက်သားချစ်စရာလေးတွေ…''
မျက်နှာချင်းဆိုင်ကစာရေးမခင်နဲ့ဒေါ်နန်းကနောက်ကဝိုင်းကိုကြည့်ပြီးပြောနေလို့လှည့်ကြည့်တော့လေးယောက်စုထိုင်နေတဲ့ဝိုင်း။ကောင်လေးနှစ်ယောက်ကကျောပေးထိုင်နေပြီးတစ်ဖက်ကကောင်မလေးတစ်ယောက်နဲ့စားပဲွထိပ်မှာထိုင်နေတဲ့ကောင်လေးတစ်ယောက်ထိုင်နေတာ။မခင်ပြောသလို first yearလားဘာလားတော့မသိ။မျက်မှန်းတန်းမိနေရအောင် ကိုယ့်မျက်နှာကလွဲပြီးဘယ်သူ့ကိုမှမမှတ်မိတော့ခက်သား။
''မခင်…ကိုနိုင်ကဘယ်တော့မှပြန်လာမှာလဲ''
''နှစ်လလောက်ကြာဦးမယ်ပြောတယ်…မြင်းခြံကသူ့အဖိုးမမာသေးလို့တဲ့…ဘာလို့လဲ ထွဋ်ခေါင် ပင်ပန်းနေပြီလား''
''အာ…အဲ့လိုမဟုတ်ပါဘူး…ကျွန်တော်ကလူမှုရေးအရမေးတာပါ…မခင်တို့စားဦးမယ်ဆိုစားလေ ကျွန်တော်ပြန်နှင့်ပြီ''
ကော်ဖီပါကင်ဘူးကိုဆွဲပြီးကျောင်းသားရေးရာဘက်ကိုပြန်လှည့်လာလိုက်တယ်။မသွားခင် ခုနကitadakimasuအဖွဲ့ကိုကြည့်မိတော့ ကျန်တဲ့သုံးယောက်ထက် ယောကျာ်းလေးနှစ်ယောက်ထိုင်နေတဲ့ဘက်က ဘယ်ဘက်အစွန်မှာထိုင်နေတဲ့ကောင်လေးကမျက်လုံးထဲတန်းဝင်လာတယ်။
တမင်သွားကြည့်တာတော့မဟုတ်ပါဘူး။သူကိုကထင်သာမြင်သာရှိနေတာ။နောက်ကိုခပ်ပါးပါးရိပ်ထားတဲ့ဆံပင်အုပ်အုပ်နဲ့ ဆံစတစ်ချို့ကမျက်ခုံးနှစ်ခုကြားဝဲကျနေတယ်။ပိတောက်ခြောက်ရောင်ဝတ်စကုတ်လေးကိုကော်လံရှပ်လက်တိုလေးအပေါ်မှာထပ်ဝတ်ထားတော့မြင်ရတာ ချစ်စရာလေးရယ်ပါ။မျက်နှာလေးကခပ်နွမ်းနွမ်းရယ်။ကိုယ့်ညီအရွယ်လောက်ရှိဦးမယ့်ကောင်လေးတစ်ယောက်ပေါ့။

YOU ARE READING
Love Is Hard For Otaku
Fantasíaအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ