Epi-9

6 3 0
                                    


kanjiစာအုပ်ကိုဖွင့်ဖတ်နေပေမဲ့ စိတ်ကအုန်းသာကူဆီမှာ။နေ့လည်ကထမင်းစားပြီး အတန်းရောပြန်ရဲ့လားမသိ။ကောင်းသည်ဆိုးသည်တစ်ခွန်းမပြောပဲ ကျွေးတာအကုန်စားတော့စားသွားတာပဲ။

ဖုန်းဆက်လိုက်ရင်ကောင်းမလား။
ဆက်ပြီးရင်ရော ဘာပြောရမှာလဲ။
ကိုယ်ကပဲစဆက်နေရလို့ နည်းနည်းအောင့်သက်သက်ဖြစ်ပေမဲ့လည်း မတတ်နိုင်။

တတူတူမြည်နေတဲ့တစ်ဖက်ဖုန်းသံ။တော်တော်နဲ့ဖြေမလာ။အဆောင်နေတာဆိုတော့ roll-callခေါ်နေလို့လား။

''မရလည်းထားတော့...''

''ဟယ်လို...''

ကျခါနီးမှ လာကိုင်ပေမဲ့ အသံကအုန်းသာကူဟုတ်မနေ။

''ထက်ရိပ်လင်းမရှိဘူးလား...''

''အာ...ကိုထက်toiletဝင်နေတာ...ဪ လာပြီဗျ''

''ဖုန်းလာတာလား''ဆိုတဲ့ အသံကြည်ကြည်လွင်လွင်။

''ဟုတ်ကဲ့...''

''အုန်းသာကူ...''

''ခင်ဗျာ...''

''ခင်ဗျာ''တဲ့လား။ယောကျာ်းလေးတစ်ယောက်ပြန်ထူးပုံထူးနည်းအတိုင်းထူးတာတောင် အသည်းယားမိသလိုလို။

''နေလို့အဆင်ပြေရဲ့လား...''

''ပြေတော့ပြေပေမဲ့ နည်းနည်းဝမ်းလျှောချင်သလိုဖြစ်နေလို့...''

လေသံထဲမှာ ကိုယ့်ကိုအားတုံ့အားနာဖြစ်နေတဲ့အရိပ်အယောင်တွေခံစားနေမိသလို။

''ကိုယ်ကျွေးလိုက်တဲ့ဟင်းတွေကြောင့်လား...အဲဒါဆို ဆောရီးကွာ ကိုယ်လည်း...''

''အာ အဲ့လိုမဟုတ်ပါဘူး အကို့ကြောင့်မဟုတ်ပါဘူး...မရမ်းသီးထောင်းလေ မရမ်းသီးထောင်းတွေကျွန်တော်အများကြီးစားမိလို့ပါ...ကျွန်တော်လည်းဝမ်းချုပ်နေတာနဲ့အတော်ဖြစ်သွားတာ''

တစ်ဖက်လှည့်နဲ့ကိုယ့်ကိုဖြေသိမ့်ပေးနေမှန်းသိပေမဲ့ စိတ်တော့မကောင်း။

''တကယ်ရော သက်သာရဲ့လား''

''သက်သာပါတယ်ဗျာ...''

''အခုရော အိမ်သာသွားတာဘယ်နှခေါက်ရှိပြီတုန်း''

''သုံးခါ...''

Love Is Hard For OtakuWhere stories live. Discover now