နေ့ခင်းနှစ်နာရီ။ရုံးခန်းတံခါးပိတ်နေရင်းက ခုံတန်းရှည်မှာထိုင်နေတဲ့ကလေးတစ်သိုက်ကိုလှည့်ကြည့်ရသေးတယ်။ဘယ်ကတည်းကထိုင်နေကြမှန်းမသိဘူး အုန်းသာကူတို့အဖွဲ့က။''senpai…''
ဘေးနားဝင်ထိုင်တော့ အုန်းသာကူကတစ်ဖက်ကိုတိုးထိုင်တယ်။ဘာလဲ ကိုယ်လာထိုင်တာပဲမကြိုက်တာလား။စိတ်မြန်လက်မြန်အကျင့်က ဒီနေရာမှာဆိုနှစ်ခါခေါ်မရ။တမင်ပူးကပ်ပြီးကို ပခုံးပေါ်ပါလက်တင်ပေးလိုက်တယ်။အသားယူတယ်ပြောပြော ချစ်စရာကောင်းတာမြင်ရင်ထိချင်ကိုင်ချင်တာ လူ့စိတ်ပဲ။
''ထူးထူးဆန်းဆန်း ဒီကိုဘာလာလုပ်ကြတာတုန်း…''
''လင်းက အကိုထွဋ်ခေါင်ကိုမုန့်ကျွေးမလို့တဲ့… လင်း လုပ်လေဟာ''
သူပြောတဲ့မုန့်ဆိုတာ ဘာများလဲကြည့်တော့ ချောကလက်အုပ်ထားတဲ့ ဝါးဟားဟားနှမ်းကပ်ရေခဲချောင်း။အဆင်သင့်စားရအောင် အုန်းသာကူကဖောက်ပြီးတောင်ပေးလာတယ်။
''ဘာလို့ ဒါလဲ…''
''ဘာလို့လဲ မကြိုက်လို့လား…''
ဝင့်ကြည့်လာတဲ့ မျက်ဆံနက်နက်ကလေးတွေကကိုယ့်ကိုလူဆိုးဇာတ်သွင်းနေသလို။
''မဟုတ်ပါဘူး…ကြိုက်ပါတယ်ဗျာ အဲ့လိုကြီးမကြည့်ပါနဲ့…ရွေးစရာတွေအများကြီးထဲကဘာလို့ဒါကျွေးတာလဲပဲ မေးကြည့်တာပါ''
''လူတွေက အစားကောင်းစားရရင်ချစ်တဲ့လူကိုသတိရတယ်လို့ပြောကြတယ်…ကျွန်တော့်အတွက်တော့ ကျွန်တော်ကြိုက်တဲ့အရာတစ်ခုကို ကျွန်တော်ချစ်တဲ့လူတွေကိုမျှဝေပေးရတာ ကျွန်တော့်ရဲ့ချစ်ခြင်းတစ်မျိုးပဲ''
''ဒါဆို ကိုယ်တစ်ယောက်တည်းကွက်ကံထူးနေတာမဟုတ်ဘူးပေါ့…''
မေးနေစရာမလိုပါဘူး။fujoushiမနဲ့ကျန်တဲ့ကောင်လေးတွေလက်ထဲကမုန့်ခွံတွေကိုကြည့်ကတည်းက ဒီကလေးသူငယ်ချင်းတွေကိုမုန့်ဝယ်ကျွေးတယ်ဆိုတာ အသိသာကြီးပဲ။
''ချစ်တာကို ဘယ်လိုသတ်မှတ်လဲ…အုန်းသာကူ''
ပခုံးပေါ်တင်ထားမိတဲ့ ကိုယ်လက်တွေကိုဖယ်ချတော့ ကိုယ်ရှိရာကြည့်လာတဲ့အုန်းသာကူ။
YOU ARE READING
Love Is Hard For Otaku
Fantasyအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ