Epi-14

2 1 0
                                    


''Senpaiရဲ့နှလုံးသားတံခါး?ဘယ်သူကြောင့်လဲ''ဆိုတဲ့ခပ်ပေပေမေးခွန်းမျိုးကိုလည်း အုန်းသာကူကမေးမလာပါဘူး။မျက်ခုံးတစ်ချက်သာတွန့်ပြီး''ဪ''လို့ပဲ အသံပြုလာတယ်

''ကျွန်တော်တို့ စာသင်ကြတော့မလား''

''နေဦး…အဲ့လိုစကားလမ်းကြောင်းလွှဲလွှဲမသွားနဲ့''

''ကျွန်တော်က ဘာကိုလွှဲနေလို့လဲ''

''ကိုယ်…''

''senpaiရဲ့နှလုံးသားတံခါးပွင့်တဲ့ကိစ္စကို ကျွန်တော်လုပ်ပေးနိုင်တာများရှိလို့လား''

မဟုတ်သေးဘူးနော်။ဒီကောင်လေး သိရက်နဲ့တမင်လုပ်နေတာလား။ဒီလူကအခုလိုဖြစ်နေတယ်ဆိုတာဘယ်သူ့လက်ချက်လဲသူအသိဆုံးဟာကို မသိခြင်ထောင်ထောင်နေတာလား။

''ရိပ် ကိုယ်… ''

''senpai …blဆိုတာသိလား''

''ဟမ်''

''blလေ အလွယ်ပြောရရင်ကောင်လေးတွေအချင်းချင်းတွဲကြတာလေ''

''သိတယ်လေ''

''အဲ့ဒီအပေါ်ဘယ်လိုမြင်လဲ''

''တွဲကြတာပဲ ကိုယ်ကဘာပြောနိုင်မှာလဲ…သူတို့ကြိုက်လို့တွဲတာကိုယ့်ကိစ္စမှမဟုတ်တာ…အုန်းသာကူကဘာလို့ကိုယ့်လာမေးနေတာလဲ''

''senpaiက ကောင်လေးတွေကြိုက်တာလား''

''မကြိုက်ပါဘူး''

''အဲ့ဒါဆို ဘာလို့ရုပ်တည်ကြီးနဲ့ကျွန်တော့်ကို နှလုံးသားတံခါးပွင့်တာတွေ ပြောနေတာလဲ''

''ဘာလို့ဆို ငါမင်းကိုကြိုက်နေလို့ပေါ့ဟ!"

''ပြောတော့ ကောင်လေးတွေမကြိုက်ဘူးဆို''

''ကောင်လေးတွေမကြိုက်ပေမဲ့ ထက်ရိပ်လင်းကိုကြိုက်တာ…မင်းကိုကြိုက်တာလို့ အဲ့ဒါကြောင့် ငါမင်းကိုကြိုက်တဲ့အကြောင်းအစဖော်ရင်စကားလမ်းကြောင်းပြောင်းပြောင်းမသွားစမ်းပါနဲ့… ငါ့ကိုယ်ငါတောင်ဘာဖြစ်ချင်မှန်းမသိတဲ့ကြားက မင်းကိုပဲသဘောကျနေမိတာကို ''

''…''

''အတူတူရှိနေတဲ့အချိန်တိုင်းကို သဘောကျနေမိတာ …မင်းပြန်သွားရင် ငါဘယ်လိုဖြစ်ကျန်ခဲ့နေမလဲဆိုတာ တွေးတောင်မတွေးရဲဘူး…အခုတောင် နှစ်လပိုင်းထဲဝင်နေပြီ…သုံးလပိုင်းဆို မင်းကစာမေးပွဲဖြေပြီးပြန်တော့မှာ…ငါ့မှာအချိန်မရှိတော့ဘူး…အဲ့ဒါကြောင့် အနားမှာရှိတုန်းလေး ဒီအတိုင်းလေးငါ့နားမှာနေပေးစမ်းပါ''

Love Is Hard For OtakuWhere stories live. Discover now