Epi-16

3 1 0
                                    


တတူတူမြည်နေတဲ့ဖုန်းကိုကိုင်ရင်း ခြေဖျားလက်ဖျားတွေကအေးလာရော။အုန်းသာကူပြောသလိုပဲ ကိုယ်တို့နှစ်ယောက်တောင်းပန်စရာရှိတာတောင်းပန်၊ခွင့်လွှတ်စရာရှိတာခွင့်လွှတ်ဖို့၊ဒီထက်ပိုပြီး ကိုယ်ထွက်မပြေးသင့်ဘူးလို့ဆုံးဖြတ်ပြီးတဲ့နောက် မခေါ်တာကြာတဲ့မြတ်ခေါင်ကိုဖုန်းခေါ်မိတယ်။

"အင်း…ကိုရှင်း"

အေးအေးလူလူရှိနေဆဲ၊ရင်းနှီးနေဆဲသူ့လေသံကြောင့် ကိုယ်နည်းနည်းစိတ်သက်သာရာရတယ်ပြောရမလားပဲ။မြတ်ထွဋ်ခေါင်ကအမြဲတမ်းအေးအေးလူလူရှိနေတတ်တာကမပြောင်းလဲ။

"မြတ်ခေါင်…မင်းအားလား"

"အင်း…အတန်းချိန်ရှိသေးပေမဲ့ ၂နာရီမှပါ…အားတယ် ကိုရှင်း…ဘာဖြစ်လို့လဲ"

"ငါတို့တွေ့ရအောင်…၁၂ခဲွလောက်ထိုင်နေကျနေရာကိုလာခဲ့ပေးမလား"

မြတ်ခေါင်အသံကခဏတိတ်သွားတယ်။ဒီစကားကိုကိုယ့်ဆီကကြားဖို့သူမမျှော်လင့်ခဲ့တာလားပဲ။

"အင်းပါ…ငါရောက်အောင်လာခဲ့မယ်…ကိုရှင်း"

"အင်း...ဒါဆို ချလိုက်ပြီနော်"

ဒါလေးပြောဖို့ကို ကိုယ့်မှာခြေဖျားတွေတုန်လက်ဖျားတွေတုန်နဲ့။မဖြစ်သေးပါဘူး။အုန်းသာကူဆီမက်ဆေ့ပို့ပြီး အားဆေးတောင်းမှပဲ။ဖုန်းထဲကဆိုတော့ မနေ့ကလိုအထိုးတော့မခံရလောက်ပါဘူး။အလွန်ဆုံးနေမှ ဆဲခံရရုံပေါ့။ဒါပေမဲ့ လူကြီးကလေးကမဆဲလောက်ပါဘူးနော့။သူလုပ်ခိုင်းလို့လုပ်တဲ့ကိစ္စကို။အဲ့လိုကို ရှင်းထွဋ်ခေါင်က အုန်းသာကူပြောစကားနားထောင်တာ။အဲ့တာကလည်း ချစ်လို့။ကြောက်လို့မဟုတ်ဘူး။

shinn-"ကိုယ် သူနဲ့တွေ့ဖို့ပြောထားတယ်"

yeitlinn-ok

shinn-စိတ်တွေလှုပ်ရှားနေလို့ အားပေးပါဦး(မျက်ရည်ဝဲအီမိုဂျီ)

yeitlinn-အဆင်ပြေခဲ့ရင် ခင်ဗျားကိုစဉ်းစားပေးမယ်

"ဟာ"ခနဲဖြစ်သွားတာ ဖုန်းတောင်လက်ထဲကလွတ်ကျတော့မလို့။မနန်းတို့ကလှည့်ကြည့်လာတော့  မျက်နှာပိုးကိုသတ်လိုက်ရပေမဲ့ ရင်ထဲမှာ ဗုံးကျဲနေပြီ။

Love Is Hard For OtakuWhere stories live. Discover now