Epi-10

12 3 0
                                        


''မြင်သာမြင်ရ မကြင်ရကို အင်္ဂလိပ်လိုဘယ်လိုပြောလဲ…အရှည်ကြီး''

''ခဏလေးဗျ… ကောင်မလေးကိုမေးလိုက်ဦးမယ်…''

ရေနစ်သူ ဝါးကူထိုးနေတဲ့အရှည်ကြီး။ရှေ့ကကျေးဇူးရှင်လေးနဲ့fujoushiမကို
လီဆာနဲ့နှစ်ယောက်သားငုတ်တုတ်ထိုင်ကြည့်နေရတဲ့အဖြစ်။ဘာတွေပြောနေလဲတော့မသိဘူး။Gongတွေရော shouတွေရော။ဓားခန်းတို့ ကားခန်းတွေရော ဘာတွေမှန်းမသိဘူး။

ထမင်းစားနားချိန်လေးကို အုန်းသာကူမျက်နှာလေးတော့မြင်ရပါရဲ့။အခုထိအဖက်မလုပ်ခံရသေးတာကတော့အလုပ်ဟုတ်မနေ။

ဖြိုးကြီးသီချင်းထဲကလို ဝေးဝေးသွားလို့မရအောင် အချစ်ရေ ဖက်ထားချင်တယ်''ဆိုသလိုပဲ အုန်းသာကူမြင်တာနဲ့ဆွဲညှစ်ဆွဲဖက်ချင်နေတာလည်း တစ်ဒုက္ခ။သွားလုပ်ရင်လည်း ကြိုက်ပါ့မလားမသိပေမဲ့ မျက်စောင်းချည်းအရင်လှိမ့်ထိုးနေမှာ ကိုယ်တော်လေးက။
သေချာတွေးကြည့်မှ အုန်းသာကူအကြောင်းကိုသေချာမသိရသေးဘူး။

Animeတွေကြည့်တယ်ဆိုတော့ ဘာတွေကြည့်လဲကနေဇာတ်လမ်းစရမလား။ပြောသာပြောရတာ ဟိုfujoushiမနဲ့လေပေးဖြောင့်နေတော့ ကိုယ်တောင်တိုးလို့ပေါက်မှာမဟုတ်ဘူး။

''ကျောင်းပိတ်ရက်ကျရင် ဘာလုပ်ကြမှာလဲ…''

''သင်တန်းတစ်ခုခုတက်မယ်…ကိုရီးယားဘာသာသင်တန်းတက်ရင်ကောင်းမလားပဲ''

ကိုယ့်အမေးကို ဦးဆုံးဖြေတာfujoushiမ။စကားစပြတ်သွားလို့ပဲ ကျေးဇူးတင်ရမယ်။

''ကျွန်တော်က အဖွားအိမ်သွားလည်မလို့…''

''ကောင်မလေးနဲ့တိုင်ပင်ရဦးမယ်…''

စကားဝိုင်းထဲဝင်မလာသေးတာ အုန်းသာကူ။ကိုယ်တွေပြောသမျှကိုသာ ငြိမ်ငြိမ်လေးနားထောင်နေတာ။

''အုန်းသာကူရော…''

''ပြန်ရမှာပေါ့…နောက်မှပြင်ဦးလွင်မှာ ဂျပန်သင်တန်းဖြစ်ဖြစ်ရှာတက်မယ်…ဂျပန်မသွားဖြစ်တောင် တက်တဲ့သင်တန်းကနေတစ်ဆင့်guideပြန်လုပ်ပေးလို့ရတယ်လေ…''

''အုန်းသာကူကစာသင်ရတာ ကြိုက်တာလား…''

''စာသင်တာထက် ကျွန်တော်နားလည်တာကို သူများကိုလည်းသိစေချင်တာ…အင်းပါ စာသင်တာပဲထားပါတော့…''

Love Is Hard For OtakuWhere stories live. Discover now