Epi-7

6 2 0
                                    


''လင်း…နင်အဆောင်ပြန်ဦးမှာလား''

''မပြန်တော့ဘူးလေ…အချိန်လည်းမရတော့ဘူး…''

''အေးကွာ…မှာထားတာကလည်းဒီနေ့မှဘာလို့ကြာနေတာတုန်းဟ''

ရှိုင်းသစ်ကစားပွဲကိုပုတ်ပြီးညည်းတယ်။ဟုတ်လည်းဟုတ်တယ်။02တီချယ်ကလည်းဒီနေ့မှရှင်းလို့မပြီးတဲ့ကဗျာတွေ။နေ့လည်စာဆင်းတာ၁၂ခွဲကို ၁နာရီမှဆင်းပေးတဲ့အပြင် ကန်တင်းကလည်းလူကျနေတော့ပိုဆိုး။၁ခွဲဆို AM tutoကရှိပါတယ်ဆိုနေမှဗျာ။

''ဟိတ်…''

ခေါင်းကိုဆွဲဖွခံလိုက်ရတော့ လူကထောင်းခနဲ။မကြည်ပါဘူးဆိုမှ ဘယ်ကောင်ကသွေးတိုးလာစမ်းနေတာတုန်း။

''senpai?"

ဘေးခုံကိုဝင်ထိုင်တဲ့လူကြီးကပူလို့ထင် ရှပ်အကျီလည်ပင်းဝကိုခါထုတ်နေတယ်။သူလည်းအလုပ်အခုမှပြီးတာလား။

အဲ့တာထက်လေ တစ်ခုခုဆိုကိုယ့်အကိုအရွယ်လောက်အကိုကြီးတွေကဘာလို့တစ်ဖက်လူဆံပင်ကိုဆွဲဖွမှန်းမသိဘူး။ficတွေထဲမှာဆို တစ်ပုံကြီး။ဘာမှန်းမသိဘူး။

''ဘာဖြစ်နေကြတာတုန်း…ရည်းစာပူမိနေတဲ့ရုပ်တွေလို့လည်းပြောရအောင် ရည်းစားရှိမဲ့ရုပ်တွေလည်းမဟုတ်ပါဘူး''

လူကြီးကကျွန်တော်တို့ကိုတစ်ချက်ဝေ့ကြည့်ပြီးပြောတဲ့စကား။လာတာနဲ့ရိုက်ပေါက်ကစပြီ။

''ကျွန်တော့်မှာ ကောင်မလေးရှိပါတယ်…''

လက်ထောင်ပြီးစိုင်းစိုင်းကပြောတယ်။စော်ထိပ်ထားစံဆိုပေမဲ့ ရသမျှတော့မဏ္ဍပ်တိုင်တက်ပြရှာတယ်။

''ညီမကောင်လေး ဒိုဂျောင်ဆူးကကိုရီးယားမှာအလုပ်တွေ schduleတွေနဲ့ပြည့်နေတော့အဆက်အသွယ်တောင်မလုပ်ဖြစ်ပါဘူး''

ဝေဝေကလည်း အားကျမခံပြန်ပက်တယ်။ရှိုင်းသစ်ကစပ်ဖြဲဖြဲလုပ်ပြနေတော့ လူကြီးအကြည့်ကကျွန်တော့်ဆီမှာ။

''အုန်းသာကူကရော…''

''ဘာဆိုင်လဲ…''

''ရဲဇား…''

''အသာနေစမ်းပါဗျာ…ကိုယ့်ကိုယ်ကိုတောင်မပိုင်သေးတာ ဘယ်သူမှခေါင်းထဲမရှိဘူး…ပြီးတော့ ထားလည်းတစ်ယောက်တည်းပဲရမှာ…ချီးပါသေးပေါက်ကအစပြန်ပြောနေရတဲ့ပုံမှန်rsတွေကိုစိတ်ကုန်လွန်းလို့''

Love Is Hard For OtakuWhere stories live. Discover now