Epi-11

2 1 0
                                    

Minna no nihongoစာအုပ်ကိုရှေ့ချပေးတော့ စာအုပ်တစ်လှည့် ကိုယ့်ကိုတစ်လှည့်ကြည့်နေတဲ့အုန်းသာကူ။အတန်းချိန်ပြီးလို့အဆောင်ပြန်ရောက်နေတဲ့လူကိုဖုန်းဆက်ခေါ်တွေ့ရတာ အားနာပေမဲ့မတတ်နိုင်ဘူး။လူက အုန်းသာကူဆိပ်တက်နေတာ စတွေ့ကတည်းက။

''Senpai…ဒါက''

''ဒါက N5ဖတ်စာအုပ် လေ့ကျင့်ခန်းကောတစ်ခါတည်းပါတယ်…ဒီဘက်ကkanjiစာအုပ်…လောလောဆယ်တော့ N5ကိုပဲအရင်လုပ်ရအောင်''

''ဒါပေမဲ့ ကျွန်တော် သင်မယ်လို့မပြောသေးဘူးလေ…''

''ဘာလို့လဲ…ငါကတောင်အလကားသင်ပေးပါမယ်ဆိုမှ ဘာတွေဈေးကိုင်ချင်နေသေးတာလဲ…မဟုတ်မှလွဲ ငါမို့လို့မသင်ချင်တာလား''

''အဲ့လိုမဟုတ်ပါဘူး''

အဲ့လိုကျတော့ အမြှီးကုပ်သွားတဲ့ခွေးပေါက်လေးဆိုဒ်နဲ့။

''စာအုပ်ဖိုးတော့ လက်ခံပေးနော်…senpai''

''မဟုတ်တာ…ဒီစာအုပ်တွေက အိမ်မှာတစ်ပုံကြီး''

''တစ်ပုံကြီးဆိုလည်း senpaiတို့မှာရတာတွေ ဝယ်ရခြမ်းရတာတွေရှိတယ်မလား…အဲ့အတွက်တော့ လက်ခံပေးလေဗျာ''

''ကိုယ်ကအလကားပေးတာဆိုရင်ရော''

''အဲ့လိုဆို ကျွန်တော်မယူဘူး…သင်လည်းမသင်တော့ဘူး''

''အုန်းသာကူ!"

"ဘာလဲဗျ''

''မင်းနဲ့တော့… ကဲ ပေးချင်သလောက်ပေး''

''ပေးချင်သလောက်ပေးဆိုတာထက် senpaiက ဘယ်လောက်ကျတယ်ဆိုတာအတိအကျပြောပြီးတောင်းရမှာလေဗျာ…ကိုယ့်ပစ္စည်းကိုယ်တန်ဖိုးထားမှ သူများလည်းတန်ဖိုးထားမှာပေါ့…ကျွန်တော်ကတော့ အလကားပေးလို့ယူရတာထက် တန်ရာတန်ကြေးပေးပြီးသုံးရတာကိုပဲစိတ်သန့်တယ်''

အုန်းသာကူကို အိမ်ကအမနဲ့တွဲထားရမှာ။တစ်ယောက်ကအတွေးအခေါ်စာပေရေး။တစ်ယောက်က အချစ်ဒဿနတွေရေးပြီးနှစ်ယောက်ပေါင်းစာအုပ်ထုတ်စားရမှာ။

ပေစောင်းစောင်းဖြစ်ချင်နေတဲ့ မျက်ဆံနက်တွေကိုနှမြောတဲ့ကိုယ်ကပဲ တစ်ထစ်လျှော့လိုက်ရတယ်။လုပ်ထားဦး။ဆိုးလို့ရတုန်း ဆိုးထားပေါ့ အုန်းသာကူရာ။

Love Is Hard For OtakuWhere stories live. Discover now