တက္ကသိုလ်နယ်မြေဆိုတာ မြန်မာကားတွေထဲမှာတွေ့ရတာနဲ့နည်းနည်းတော့ကွဲပြားတယ်ဗျ။ငယ်တုန်းကတီဗီထဲမှာကျွန်တော်တွေ့ဖူးတာဆိုလို့ အင်းလျားကန်ဘောင်နဲ့ခုံနီတွေချထားတဲ့ကန်တင်းရယ်။အဓိပတိလမ်းမလောက်ရယ်ပေါ့။မေကြီးကတော့ဘာတက္ကသိုလ်ဆိုတာပြောဖူးပေမဲ့ ကလေးသဘာဝကလည်းမေ့လွယ်ပျောက်လွယ်ကိုး။အခုတော့ ကိုယ်တိုင်တက်ရမှ တက္ကသိုလ်ရဲ့အငွေ့အသက်ကိုအသေအချာခံစားမိတယ်။
ရှူရှိုက်ရတဲ့လေကအစလွတ်လပ်တယ်။
ပေါ့ပါးတယ်။အရာရာဟာဆန်းသစ်လွန်းတယ်။
အရောင်အသွေးစုံတဲ့ပန်းခင်းကြီးတစ်ခုလိုပဲ။လောလောဆယ်တော့ ဒီပန်းခင်းကြီးထဲကနေ ကျွန်တော်တက်ရမဲ့အင်္ဂလိပ်စာဌာန တကောင်းဆောင်ကိုသွားရဦးမယ်။ပြီးရင်ပထမနှစ်တွေတက်ရမဲ့အခန်းကိုလဲရှာရဦးမယ်။
ပြောရရင်မန္တလာမို့လို့တစ်နေရာနဲ့တစ်နေရာရှာရတာလွယ်ပါတယ်။ဒီမတိုင်ခင် ရတနာပုံကိုသွားကြည့်ပေမဲ့ ကျွန်တော်ကိုကဒီမန္တလာကိုပိုခင်တွယ်နေတာ။အဆောက်အဦပုံစံလေးကအစကျွန်တော့်မျက်လုံးထဲချစ်ဖို့ကောင်းနေတာ။သဘောအကျဆုံးကကျောင်းကနေအဆောင်ပြန်ရတဲ့ကတ္တရာလမ်းရှည်ကြီးကိုပဲ။
ခက်တာက ကျွန်တော့်မှာသူငယ်ချင်းမရှိသေးတာပဲ။အထက်တန်းတုန်းကခင်ခဲ့တဲ့သူငယ်ချင်းတော်တော်များများကအဝေးသင်ယူကြတာများသလို မေဂျာလည်းမတူတော့ ကျွန်တော်တစ်ယောက်တည်း။
အချိန်တန်ရင်တော့လည်း သူငယ်ချင်းရလာမှာပါ။
အခုကတစ်ယောက်ကိုတစ်ယောက်ရှိန်နေကြတဲ့အချိန်ဆိုတော့ တန်းပြီးမိတ်ဖွဲ့ဖို့ကမလွယ်ဘူးလေ။တကောင်းဆောင် ပထမထပ်ကိုတက်လာတော့ မေဂျာတူတွေကဟိုသွားဒီသွားပဲ။တချို့ကျတော့စီနီယာတွေမို့လို့လားမသိဘူး။အေးအေးလူလူနဲ့ကျွန်တော့်လိုမျက်စိသူငယ်နားသူငယ်နဲ့မဟုတ်ဘူး။
ဒုတိယထပ်ကိုတက်လာတော့ဝမ်းဆက်အပြာဝတ်နဲ့ tutorလို့ထင်ရတဲ့တစ်ယောက်ကိုအရဲစွန့်မေးကြည့်ရတယ်။
''တီချယ်…အင်္ဂလိပ်စာပထမနှစ်တွေကဘယ်အခန်းကိုသွားရမလဲဗျ''
YOU ARE READING
Love Is Hard For Otaku
Fantasiအုန်းသာကူဖန်ဘွိုင်းလေးနဲ့ဆန်ပိုင်းကိုကြီးတို့ရဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးရယ်ပါ