D E B T
ဒန်! ဒန်! ဒန်!
"အားးးးးးးးး"
မနက်စောစောစီးစီးပျံ့လွင့်လာတဲ့အသံကြီးကြောင့် စိတ်ပေါက်ပေါက်ဖြင့်အော်လိုက်သည်။ထိုအသံကြီးကို လူမပြောနှင့်၊လမ်းဘေးကခွေးတွေကိုမေးရင်တောင်သိမည်။
ဒါက...သေချာပေါက် အိမ်ရှေ့ကအဒေါ်ကြီး၏လက်ချက်ဆိုတာ....။"ဒန် ဒန် ဒန်!"
"အားးးရှီးး"
ဒုန်း*!!!
"ရပါပြီ...ရပါပြီခင်ဗျ နားတွေကွဲပြီးသေပါတော့မယ်!!"
နားကိုပိတ်ကာ20000Hzထက်မြင့်လောက်တဲ့အသံစူးစူးနဲ့ထအော်မှ သွားအဖြီးသားရယ်ပြကာ အိမ်ထဲ၀င်သွားသည်။
ခေါင်းကိုတဗျင်းဗျင်းကုတ်ကာမျက်စောင်းသာလှိမ့်ထိုးလိုက်သည်။တကယ်တည်း သူ့ကိုယ်သူများ ဘုရားကျောင်းကတိုင်ကပ်နာရီကြီးထင်နေလားမသိ...။မျက်နှာသစ်နေရင်း မှန်ကိုကြည့်လိုက်တော့ ဆံပင်တွေဖွာလန်ကျဲကာ စူပုတ်ပုတ်ရုပ်ဖြင့်တောင်ချောနေသည့် ကျွန်တော်...။
စတိုင်ထုတ်ကာ မှန်ကြီးကိုကြည့်ရင်း ပို့စ်အမျိုးမျိုးပေးနေလိုက်သည်။
ဒီလိုလုပ်နေလို့ မော်ဒယ်ဖြစ်ချင်လို့လား?
မင်းသားဖြစ်ချင်လို့လား? မမေးပါနှင့်။
ကင်ထယ်ယောင်းတို့က ရုပ်ချောလို့သာ ပဲများနေတာ။တကယ်တော့ ဖြစ်ချင်တာက ဆရာ၀န်...။အဲ...ခက်တာက ဆရာ၀န်လိုင်းယူထားပြီးပုဇွန်ဦးနှောက်လေးဖြစ်နေတဲ့ ဒီခေါင်းကြီးကြောင့်ပင်။ပိုက်ဆံကလဲမရှိ...စာကလဲညံ့ဆိုတော့ မကြာပါဘူး ဆေးကျောင်းကနေ ကန်ထုတ်ခံလိုက်ရသည်။အခုတော့ အလုပ်လက်မဲ့နဲ့ တစ်ကောင်ကြွက်လေး ကျွန်တော်ကင်ထယ်ယောင်းပေါ့ခဗျာ...။
"ဒုန်း...ဒုန်း!!"
အင်တာဗျူးဖြေစရာရှိတာကြောင့် အ၀တ်အစားလဲနေတုန်းကြားလိုက်ရတဲ့နောက်ထပ်တစ်သံ၊ကြားနေကြအဒေါ်ကြီးရဲ့အသံမဟုတ်တာကြောင့် သွားထွက်ကြည့်မှအဒေါ်ကြီးထက်ပိုဆိုးတဲ့ အကြွေးရှင်ဖြစ်နေသည်။
မျက်နှာချိုသွေးကာ သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ပင် ဖြီးပြလိုက်တော့ ဘုကြည့်ကြည့်သည်။