DEPT"မတွေ့တာကြာတော့ပိုလှလာသလိုပဲနော်"
"အန်တီကပိုလှပြီးပိုနုပျိုနေတာပါ..."
"အိုး မဟုတ်တာကွယ်"
အပြုံးတုကိုဆင်မြန်းထားတဲ့ ဂျွန်မီဆူနည်းတူ မင်ဆူယောင်းပါအလိုက်သင့်ပြုံးနေသည်။အပေါ်ယံဆိုတဲ့အပြုံးတွေကဆင်မြန်းရတာအလွယ်ဆုံးပဲလေ။
"ဆူယောင်း အလုပ်ကကော အဆင်ပြေတယ်မလား"
"ဟုတ်ကဲ့ပြေပါတယ်"
အရင်က မင်ဆူယောင်းကိုဆက်ဆံပုံနဲ့ အခုမင်ဆူယောင်းကိုဆက်ဆံပုံက မိုးနဲ့မြေလို။
ဆင်းရဲပေတေတဲ့မင်ဆူယောင်းကဘယ်လောက်တောင်ရွံစရာကောင်းနေခဲ့လဲ?အခုလိုအောင်မြင်ပြီးကျိကျိတက်ချမ်းသာနေပြန်တော့ မျက်နှာတစ်မျိုး။ကျေနပ်တယ်။ဒီလိုဖြစ်လာတာတွေကိုကျေနပ်တယ်။အတိတ်ကိုပြန်သွားခွင့်ရမယ်ဆိုရင်တောင် ဒီလိုပြန်ပြီးတောင်းဆိုခဲ့မှာပဲ။
ဒါပေမဲ့ အခုဂျွန်...။
လောကမှာအရေးကြီးဆုံးက ပိုက်ဆံလို့ထင်ခဲ့ပေမယ့် ပြီးပြည့်စုံလာတော့ ဂျွန့်ကိုပြန်လိုအပ်တယ်။ဂျွန့်ကိုတကယ်ချစ်တာမို့ ဂျွန့်ကိုပြန်လိုချင်လို့တွယ်တာမိတာ မှားသွားလေသလား။
.
.
.
.
.
"ထယ်ယောင်း""ဗျာ အကိုမင်းဂူ"
"6:00နာရီလောက်...အဲ့အချိန်ထယ်ယောင်းကိုယ့်ကိုအချိန်ပေးနိုင်မလား?"
"အာ..."
"မေးတာထက်ကိုယ်ကတောင်းဆိုတာပါ"
"ဟုတ် ဒါဆို ဘယ်ကိုလာခဲ့ရမှာလဲဟင်"
"ကိုယ်messageပို့လိုက်မယ်"
"ဟုတ်ကဲ့"
.
.
.
တိုက်ခန်းကိုရောက်မှ အားပါးတရပစ်လဲမိကာ အမောဖြေနေတုန်း ၀င်ရောက်လာတဲ့message...။တည်နေရာကိုအတည်ပြုပြီး ထယ်ယောင်းရေချိုးဖို့တွေးကာ အိပ်ခန်းထဲအ၀င် ကုတင်တစ်လုံးကလွဲလို့ ဘာမှမရှိတဲ့အခန်းလွတ်ကြီးကြောင့်စွံ့အလျက်။"ဘယ်လိုဖြစ်တာလဲ ငါ့အ၀တ်အစားတွေကော?"
ပူထူနေတဲ့စိတ်ကြောင့် အမြန်ပင် လူ့ဂွစာကြီးရဲ့အိမ်သို့လာခဲ့သည်။ထပ်မံပြီးတိတ်ဆိတ်နေတာကြောင့်...ထယ်ယောင်းဒေါပွလာပြီးသောင်းကြန်းချင်စိတ်တွေ၀င်ဘာသည်မှာအလုအယက်။