D E P T
မနက်စောစောစီးစီး လူခေါ်ဘဲလ်သံ တချွင်ချွင်ကြောင့်ယောင်ဘင်း အိပ်ယာကနေကပိုကရိုထကာ တံခါးဖွင့်ပေးတော့ ချစ်သူငယ်ချင်းလေးကင်ထယ်ယောင်းကိုတွေ့လိုက်ရသည်။
"ထယ်ယောင်း"
"ယောင်ဘင်း"
"ထယ်ယောင်း တကယ်ထယ်ယောင်းလား"
အမြင်များမှားတာလားဆိုပြီး မျက်လုံးကိုပွတ်သပ်နေသေးတဲ့ယောင်ဘင်းကိုကြည့်ရင်းထယ်ယောင်းမျက်ရည်တွေကြားထဲကပြုံးမိသည်။ဒီသူငယ်ချင်းလေးနဲ့မတွေ့ရတာဘယ်လောက်တောင်ကြာနေပြီလဲ...။
"အရူးလေး ငါတကယ်ထယ်ယောင်းအစစ်မို့မင်းရှေ့ရပ်နေတာပေါ့"
"ထယ်ယောင်း အီးဟီး ငါမင်းကိုတွေ့ချင်နေတာ လွမ်းနေတာသိရဲ့လား ခွေးကောင်ရဲ့"
"ငါလည်းမင်းကိုလွမ်းပါတယ် ခွေးသားရယ်"
Soulmateတွေဖြစ်သည့်တိုင်ငြင်သာသောနှုတ်ဆက်နည်းဖြင့်ပွေ့ဖက်ကာ အလွမ်းဖြေကြလေရဲ့။
"ကဲ ဆိုပါဦး ငါ့ဆီတောင်မလာနိုင်ရအောင်မအားတဲ့အကြောင်းအရင်းလေး"
"မင်း ဟို ငါတစ်ခါကပြောဖူးတဲ့လူ့ဂွစာကြီးကိုမှတ်မိလား"
"အင်း မှတ်မိတယ်လေ ဘာဖြစ်လို့လဲ"
"ငါ့ရဲ့အကြွေးရှင်ကသူပဲကွဟျောင့်ရေ...."
"သူကမင်းကိုပြန်လက်စားချေတာလား?"
"ချေလားမချေလားတော့မသိ အလုပ်တွေကတော့အသက်ထွက်မတတ်ခိုင်းလွန်းလို့...အဲ့တာကြောင့်လည်း ငါမင်းဆီမလာနိုင်တာပေါ့ အခုတောင်အစောကြီးထပြီးလာတွေ့ရတာ"
"အင်းပါ ဘာပဲဖြစ်ဖြစ်မင်းနဲ့တွေ့ရလို့၀မ်းသာတယ် အဲ့တစ်ယောက်ကမင်းကိုဒီထက်ပိုနှိပ်စက်တာတို့ တစ်ခုခုတို့ဆိုငါ့ကိုသတိရနော် ငါကိုယ်တိုင်သွားဖိုက်ပစ်မယ်"
"ကျေးဇူးတင်ပေမယ့် ဟိုကမင်းကိုတောင်ကိုင်ပေါက်သွားဦးမယ် ဟားဟား"
"ထယ်ယောင်း ငါကအကောင်းပြောတာကို အခုငါWorkoutလုပ်ဖြစ်နေတာ တကယ်တောင့်တောင့်တင်းတင်းကြီးဖြစ်သွားမှ လူမမှားနဲ့"