D E B Tဟိုနေ့ကကိစ္စဖြစ်ပြီးကတည်းက ငမွဲလေးသူ့ကိုရှောင်နေခဲ့သည်။
အဲ့နေ့က သူငမွဲလေးကို နမ်းခဲ့သည်။
နမ်းခဲ့သည်ဆိုတာကလည်း ကာယကံရှင်ကသိပ်ကိုအူယားဖို့ကောင်းနေသည်ကိုး။၀န်မခံချင်ပေမယ့် ခံစားချက်တွေကိုဒီထက်ပိုပြီးမသိုထားချင်တော့ဘူး။
သူ ငမွဲလေးကိုချစ်တယ်...။ဖွင့်ပြောဖို့တော့မရဲသေးပေမဲ့ သူ့ခံစားချက်ကိုသူနားလည်နေပါပြီ။
ဘယ်အချိန်ကစတင်သဘောကျခဲ့လည်းသတိမထားမိပေမယ့် နှလုံးခုန်သံကိုပထမဆုံးသတိထားမိတာက ငမွဲလေးသူ့ကို နမ်းလိုက်တဲ့အချိန်။
ထိုကိစ္စက အိပ်မရဖြစ်စေခဲ့ပြီး အချိန်အတော်ကြာအောင်ပင်အတွေးထဲစိုးမိုးနေခဲ့သည်။
"၀မ်ငါးသောင်းတိုးမယ်"
"....."
စကားပြန်ပြောလာအောင် အကျင့်ယုတ်သင့်ရင်လည်းယုတ်ရမယ်လေ။ခက်တာက ဘာမှကိုပြန်မချေပပဲ ထွက်သွားပြီဖြစ်တဲ့ကာယကံရှင်...။
"Bossဘာလို့မျက်နှာကြီးကမဲမှောင်နေတာလဲ"
"ငါဘာလုပ်သင့်လဲဂန်ဆောင်း"
"ဘာကိုလဲ Boss..."
"ငါငမွဲလေးကိုချစ်တယ်"
"ဘယ်လို!!"
"ဖြေးဖြေးအော်ပါ ဟန်ဂန်ဆောင်း"
"အံ့ဩသွားလို့ပါ ဟဲဟဲ"
"အံ့ဩတာနောက်ထား အခုငမွဲလေးကငါ့ကိုစကားမပြောတော့ဘူး"
"Bossကဘာလုပ်လိုက်လို့လဲ"
ဟန်ဂန်ဆောင်းရဲ့ အမေးကို 'ဖက်နမ်းလိုက်တာ'ဟူ၍ဖြေတော့ မလွယ်ဘူးဆိုသည့်အကြည့်နဲ့ကြည့်လာသည်။
"Bossကအဲ့လိုလုပ်မှတော့ ဟိုကစိတ်ဆိုးပြီပေါ့"
ရည်းစားစကားမပြောပဲ ဖက်နမ်းပစ်တယ်တဲ့၊လူပျိုကြီးတို့က မကြိုက်ရင်လည်းမကြိုက်လို့ ကြိုက်တော့လည်းဇွတ်။
"ရှည်တယ် ဘာလုပ်ရမလဲသာပြော"
"ကြိုက်မှတော့ ဖွင့်ပြောပေါ့"
"ဖွင့်ပြောရမယ်?"
"ဒါပေါ့"
"ငါ...ငါမှမဖွင့်ပြောရဲတာ"