DEBT
"မင်းနာမည်က ကင်ထယ်ယောင်းနော်"
"ဟုတ်ပါတယ်"
ဆိုဖာထက်မှာ ထယ်ယောင်းရယ် စောနကအကိုသုံးယောက်ရယ် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ထယ်ယောင်းအနေနဲ့ လူကိုတစ်ကိုယ်လုံးအစုံအဆန်ကြည့်ကာ အကဲခတ်နေတဲ့ဒီလူတွေကြားစိတ်လှုပ်ရှားမိသည်။မသိရင် ထယ်ယောင်းက သူတို့ညီမနဲ့ပေးစားမယ့် ယောက်ဖလေးအတိုင်း။
"အကို့နာမည်ကဟာနူပါ သူကဒယ်ဆော့...သူကတော့ မင်းဂူ"
ဟာနူဆိုသည့်အကိုက အသားခပ်ဖြူဖြူနှင့်မျက်မှန်လေးတပ်ထားကာ ခပ်ချောချောလေးဖြစ်သည်။ရည်မွန်တဲ့ပုံပေါ်သလို ခင်ဖို့ကောင်းမည့်ပုံစံလေးပင်။ထယ်ယောင်းကို ပြုံးပြနေသည့် ဒယ်ဆော့ဆိုသည့် အကိုကအသားညိုပြီး အနည်းငယ် တောင်းတင်းတဲ့ခန္ဓာကိုယ်ရှ်ိသည်။မင်းဂူဆိုသည့်တစ်ယောက်တော့ ဘာကိုမှဂရုမစိုက်ဘဲ ဖုန်းသာထိုင်ကြည့်နေသည်။ရုပ်ရည်အရတော့ တကယ်ကိုချောပေမယ့် ခက်တာက တည်ကြည်လွန်းတဲ့မျက်နှာကြီး။
"ခေါက်ဆွဲပြုတ်ရပြီ"
"အာ သူကဆောနူ အကိုတို့လေးယောက်ထဲသူကအကြီးဆုံးပဲ"
ဆောနူဆိုသည့်အကိုကတော့ အကိုသုံးယောက်လိုမဟုတ်ဘဲ ပွင့်လင်းပြီး ပျော်ပျော်နေတတ်သည့်ပုံစံပေါက်သည်။ထယ်ယောင်းကိုပြုံးပြနေလို့ပေါ်နေတဲ့ပါးချိုင့်ကြီးကလည်းခပ်နက်နက်ရယ်။
"ညီကောခေါက်ဆွဲပြုတ်စားလေ...အကိုတို့စကားဖြတ်ပြီးဒီလိုစားရတာအားနာပေမဲ့"
"ဟို ရပါတယ် ကျွန်တော့်ကိုစိတ်ထဲမထားပဲစားပါ"
ထယ်ယောင်းပြောလိုက်တော့ ပြုံးပြကာ စားသောက်နေကြတဲ့အကိုတို့။ခြုံငုံကြည့်ရင် ဒီအကိုလေးယောက်ကတော်တော်ချောကြသည်၊ဒါနဲ့များဘယ်လိုလုပ်သန့်ရှင်းရေးလာဖြစ်ကြတာလဲ။
"ထယ်ယောင်း အသက်က?"
"အာ...ကျွန်တော့်အသက်က22ပါ ဟိုအကိုတို့က?"
"အကိုတို့ထက်ငယ်တာပဲ အကိုတို့က25...လပိုင်းပဲကွာပေမဲ့ မင်းဂူကတော့ 24"
"အာ...Nae.."
ထယ်ယောင်းကိုကြည့်လာတဲ့အကိုမင်းဂူ၊ထယ်ယောင်းပြုံးပြလိုက်တော့ အဖက်မလုပ်ဘဲ လက်အိတ်တွေစွတ် ယူနီဖောင်းကို၀တ်ကာ ဖုန်စုပ်စက်ကိုယူပြီးထွက်သွားသည်။အိုးတို့အန်းတန်းဖြစ်သွားတဲ့ထယ်ယောင်းကတကယ်ကိုအနေရခက်သွားသည်။