D E B T
"လူ့ ဂွ စာ ကြီး"
"ဘာ!!!"
ထယ်ယောင်းသုံးလိုက်သည့် လူ့ဂွစာကြီးဆိုသည့် နာမ်စားကြောင့် အရှေ့ကလူဆီမှထွက်လာတဲ့အသံစူးစူးနားပင်ကန်းသွားနိုင်ချေရှိသည်။
အသံပါဝါကတော့ရှယ်ပဲ...။
"မင်းငါ့ကိုဘာပြောလိုက်တယ်..."
"လူ့ဂွစာကြီးလို့ပြောလိုက်တာလေ ဘာဖြစ်လဲ?...ဒီမှာ လူ့ဂွစာကြီး လူတစ်ယောက်လုံးထိခိုက်သွားတာကို တာ၀န်ယူစိတ်မရှိဘူးလား?"
ထယ်ယောင်းဟူဆိုမှာ စွာသည့်နေရာမှာ 9+မို့ တစ်လုံးမကျန်ပြန်ခံပြောသည်။
"တာ၀န်ယူရမယ်?ဟက် မင်းကသာငါ့ကားအရှေ့မှာလာပိတ်ရပ်တာလေ ငါကဘာကိုတာ၀န်ယူပေးရမလဲ?"
လူ့ဂွစာကြီးရဲ့အပြောကြောင့် ပိုလို့ပင်ဒေါပွလာရသည်။ဘယ်လိုပဲဖြစ်ဖြစ် လူမှုရေးအရတော့ နည်းနည်းပါးပါးတောင်းပန်ပေါ့။အခုတော့မသိချင်ယောင်ဆောင်သွားတဲ့ဟာကိုထယ်ယောင်းက ဒီအတိုင်းနေလိုက်ရမှာတဲ့လား??
"ဘာပဲဖြစ်ဖြစ် ကျွန်တော်ထိခိုက်သွားတာလေ...ခဗျားနည်းနည်းလေးမှလူမှုရေးနားမလည်တာလား??"
ထယ်ယောင်းရဲ့စကားကို စိတ်ပျက်ဟန်ပြုကာ အကြည့်စူးစူးတို့ဖြင့်စိုက်ကြည့်နေခဲ့တဲ့ထိုသူ၊ထယ်ယောင်းသည်လည်း အရှုံးမပေး၊တဖန်ပြန်ပြီးစိုက်ကြည့်လိုက်သည်။
"ရော့"
"ဟမ်..?"
ကမ်းပေးလာတဲ့ ငွေအထပ်လိုက်ကိုကြည့်ရင်းကြောင်နေမိသည်။
"ဒါကိုယူလိုက်...မင်းလိုချင်တာဒါပဲမလား"
"ဘာ!ခဗျား ကျွန်တော့်ကိုဘယ်လိုလူစားမျိုးမှတ်နေတာလဲ"
လူ့ဂွစာမှတကယ့်လူ့ဂွစာကြီးဖြစ်နေတာကြောင့်အော်ပြောမိ၏။
ထယ်ယောင်းကလေ အရာရာတိုင်းကိုပိုက်ဆံနဲ့ဖြေရှင်းတတ်တဲ့သူတွေကိုသိပ်ကိုမုန်းတာ...။"ဘာလဲ ဒီပမာဏကနဲလို့လား...?မန်နေဂျာဟန် သူ့ကိုကျေနပ်တဲ့အထိထုတ်ပေးလိုက်ပါ"
စွံအသွားကာ ဘာမှပင်မပြောနိုင်တော့၊မန်နေဂျာဟန်ဆိုသည့် တစ်ယောက်ကလည်း ငွေတွေအထပ်လိုက်ထုတ်ကာ ထယ်ယောင်းလက်ထဲထည့်ပေးသည်။
လက်ထဲကပိုက်ဆံအထပ်လိုက်ကိုကြည့်ကာစိတ်တိုမိသည်။