DEBT
"ဒါဘာလဲ!"
လက်အိတ်အဖြူကြီးကိုစွပ်ထားတဲ့Bossကဟန်ပါပါဖြင့်မွေးညှပ်ကြီးကိုကိုင်ကာ စားပွဲထောင့်နားကဆံပင်မွေးကိုယူကာပြသည်။
ခေါင်းကိုအောက်ငုံ့သွားတဲ့၀န်ထမ်းတွေကိုတစ်လှည့်....ဆံပင်မွေးကိုင်ပြနေတဲ့Bossကိုတစ်လှည့်ကြည့်ရင်း မန်နေဂျာဟန်ခေါင်းကိုကုတ်ပြီး ယောင်နနနှင့်ဖြေလိုက်သည်။"ဆံပင်မွေးလေ Bossရဲ့"
"ခွေးကောင်...ဆံပင်မွေးမဟုတ်လို့ မင်းဟိုဟာမွေးဖြစ်နေမလား!"
Bossရဲ့ရှင်းလင်းပြတ်သားသည့်အပြောကြောင့် မန်နေဂျာဟန်ပါးစပ်လေးပိတ်လိုက်ရသည်။စိတ်ကလည်းကြီးလိုက်တာ...ဒါကြောင့် မိန်းမ မရတာနေမှာ။
"ငါမင်းတို့ကိုဘာပြောထားလဲ..."
"ဟို ဆံပင်မွေးတစ်မွေးမကျန် ဖုန်တစ်စက်မကျန်ရှင်းရပါမယ်လို့ ပြောထားပါတယ်"
"အခုဒါကဘာလဲ..."
"မှားသွားပါတယ် Boss...ကျွန်မတို့လဲသေချာရှင်းတာပါပဲ ဒါပေမယ့်-"
ကပြာကယာရှင်းပြတဲ့ဖြေရှင်းချက်တွေကBoss၏လက်တစ်ချက်ဝှေ့ရမ်းမှုမှာရပ်တန့်လို့သွားသည်။
ဒီလိုဆိုတော့လည်း...Bossကမိုက်သား။"မန်နေဂျာဟန်!"
"Yes Boss.."
"သူတို့နှစ်ယောက်အတွက်ငါးလစာလျော်ကြေးပေးပြီးထုတ်လိုက်"
မျက်ရည်လေးတွေစမ်းတမ်းစမ်းတမ်းဖြင့်သနားစရာကောင်းတဲ့သန့်ရှင်းရေးသမားလေးနှစ်ယောက်ကိုမန်နေဂျာဟန်လဲစိတ်မကောင်းမကောင်းဖြင့်သာ ငါးလစာလျော်ပေးလိုက်သည်။
"စိတ်မညစ်ကြပါနဲ့ ညီမလေးတို့ရယ် ကိုကြီးပြောပြမယ်သိလား အလုပ်ကဒီcompanyမှာပဲရှိတာမဟုတ်ဘူး ငိုမနေကြနဲ့နော်"
"ဟန်ဂန်ဆောင်း!"
"လာပါပြီBoss!"
"Boss!Boss!!ကျွန်တော့်ကိုစောင့်ပါဦး ဟဲ"
Bossရဲ့ခြေလှမ်းကြဲကြီးတွေနောက်မပြေးရုံတမယ် လိုက်လာရသည်။Bossကရုတ်တရက်ရပ်တန့်သွားပြန်တော့ အရှိန်ကိုအလျင်ထိန်းလိုက်ရသည်မှာခလုတ်မတိုက်ရုံတမယ်...။