D E P T
"အာ့!"
မနက်အိပ်ယာနိုးလို့ ထထိုင်လိုက်တာနဲ့ တင်ပါးကမြက်ခနဲ။
မျက်ရည်တွေစို့တက်လာကာ နှုတ်ခမ်းလေးကိုမဲ့လျက်သားတင်ပါးလုံးလုံးလေးကိုပွတ်သပ်မိသည်။ထယ်ထယ့်ရဲ့အဖိုးတန်လေးအောင့်သွားရတာဟိုလူကြောင့်။ပြုတ်ကျတုန်းကဖမ်းပေးလို့ကျေးဇူးတင်မိပေမယ့် ပြန်အပြစ်အချမှာ တင်ပါးလုံးလေးအောင့်သွားရခြင်း။
မတတ်နိုင် အောင့်နေလဲအလုပ်ကတော့သွားရမည်ပင်၊မဟုတ်ရင်စိတ်မနှံ့တဲ့လူ့ဂွစာလူကြီးကတစ်စက္ကန့်၀မ်တစ်ထောင်နဲ့ပိုက်ဆံတိုးနေဦးမည်။
တင်ပါးလုံးလေးကိုကိုင်ကာ တရွေ့ရွေ့ထွက်လာသည့်ထယ်ယောင်း။မျက်နှာချင်းဆိုင်ကလူကိုတွေ့သည်နှင့်မျက်စောင်းသာထိုးလိုက်သည်။
ဒီလူကြောင့်သူ့တင်ပါးအောင့်ရတာ။
"ဘာဖြစ်လာတာလဲ"
အမလေး ဟားတိုက်ပြီးသာရယ်လိုက်ချင်တယ်။လုပ်တုန်းကလုပ်ပြီးမသိသလိုလုပ်နေသေး။ဘာမှပြောချင်စိတ်မရှိ၊ပြောလျှင်ပြဿနာတက်နေဦးမည်ကြောင့်လျစ်လျူရှုပြီး အသင့်ရပ်ထားတဲ့တက္ကစီထဲ၀င်မည်အလုပ်လက်ကိုဆွဲလာတဲ့သူ
"အခုငါ့စကားကိုလျစ်လျူရှုလိုက်တာလား"
"အလုပ်နောက်ကျတော့မယ်Boss ခွင့်ပြုပါဦး"
"နေဦး"
"ဟာ ဘယ်လိုဖြစ်နေတာလဲ အလုပ်နောက်ကျတော့မယ်လို့"
သည်နှစ်ယောက်ကြားတက္ကစီဒရိုင်ဘာတစ်ယောက်တော့ ရပ်ပဲကြည့်ရမလား?မောင်းပဲမောင်းသွားရတော့မလား ဟူ၍ဗျာများချေပြီ။
"လူလေးတို့ တက္ကစီကစီးဦးမှာလား"
"ဟုတ်ကဲ့ စီးမှာပါဗျ ခဗျား ဖယ်ဗျာ လွတ်တော့"
"မလွတ်ဘူး"
"ဟာ ဘယ်လိုဖြစ်နေတာလဲ"
"ငါမေးတာကိုဖြေ မင်းဘာဖြစ်နေတာလဲ"
အတင်းကာရောလုပ်နေတဲ့လူကိုထယ်ယောင်းစိတ်မရှည်တော့ချေ၊ထို့ကြောင့်...
"ဖင်နာနေတာဟေ့ သိပြီလား ခဗျားလုပ်လို့နာနေတာ ဖယ်"
ပွစိပွစိပြောကာ တွန်းတိုက်ထွက်လာမိတော့ည်။တကယ်ပဲ ဘာတွေလာရှည်နေမှန်းမသိ။
.
.
.
"ထယ်ယောင်းမင်းထိခိုက်ထားတာဆို နားနားနေနေလုပ်ပါလား"