D E P T
အလုပ်နောက်ကျတဲ့နေ့မို့ကပြာကယာဖြင့် ခြေလှမ်းတွေကို လှမ်းနေတဲ့ထယ်ယောင်း။
အရင်ကဒီလို နောက်မကျပေမယ့် မနေ့က ရူတိုလေးနဲ့ညလုံးပေါက်ထိဆော့ပြီး အိပ်ယာထနောက်ကျတော့တာပင်။"မင်း....ကင်ထယ်ယောင်း?"
လက်ကိုလာဆွဲတဲ့သူကြောင့်ထယ်ယောင်းခြေလှမ်းတွေရပ်တန့်သွားကာကြည့်မိတော့ မမနာရာကိုတွေ့လိုက်ရ၍အကြီးအကျယ်အံ့ဩသွားသည်။
"ဟို လူမှားနေတယ်ထင်ပါတယ်"
လက်ကိုဖြုတ်ချကာ ထွက်သွားမယ်ပြင်တော့ထပ်ဆွဲကာ ထယ်ယောင်းကိုစုံချည်ဆန်ချည်ကြည့်လို့နေသည်။ထယ်ယောင်းကို အမြဲဘူလီတဲ့ဒီအမနဲ့မှလာတွေ့ရတယ်လို့။
"လိမ်မနေပါနဲ့ မင်းကင်ထယ်ယောင်းဆိုတာသေချာတယ် ဟက် အခြေအနေကိုကြည့်ရတာတော့ သနားစရာပဲ"
"ကျွန်တော့်လက်ကိုလွတ်ပါ"
"မလွတ်နိုင်ဘူး ငါကဘာလို့လွတ်ပေးရမှာလဲ"
"လွတ်လို့ကျွန်တော်ပြောနေတယ်!"
မိန်းကလေးတစ်ယောက်ရဲ့အားကိုသူအသာလေးရုန်းရတာပေါ့၊မိန်းကလေးဖြစ်နေတာကြောင့်လည်း အလျှော့ပေးနေတာ။
"ဟက် မလွတ်ဘူး ကင်ထယ်ယောင်း နင်ကျောင်းကထွက်သွားတာနဲ့ ကစားစရာမရှိတော့လို့ငါ့မှာပျင်းနေတာ"
"သိပ်ကစားချင်နေရင် *ာတန်းကိုသွားလိုက်"
အံကြိတ်ကာပြောလေတော့ရုတ်တရက်ထယ်ယောင်းပါးကိုရိုက်လာတဲ့သူမ။
"အောက်တန်းစားကောင်ဆိုတော့ အောက်တန်းစားဆန်တဲ့စကားတွေထွက်လာပြီပေါ့"
"ခဗျားသိပ်လွန်နေပြီ ဘိုနာရာ!"
"ဟက် လွန်တယ်?လွန်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာမင်းကိုပြရမှာပဲ"
ထပ်ရိုက်ဖို့ပြင်လာတဲ့သူမ၊ထယ်ယောင်းမျက်လုံးမှိတ်ကာကျလာမဲ့ ရိုက်ချက်ကို တင်းခံမည်ပြင်တုန်း လေထဲမှာတင်ရပ်တန့်သွားတဲ့သူမရဲ့လက်တွေ။
"ဒါက လူတွေအများကြီးရှိတဲ့နေရာရှိတဲ့နေရာပါ မိန်းကလေး ကိုယ်ရေးကိုယ်တာကိစ္စဆိုရင်တောင် အရှက်မရှိတဲ့လုပ်ရပ်မျိုးမလုပ်သင့်ဘူး"