D E B T
"ဒယ်ဒီ...!!"
အိမ်ထဲမရောက်သေးတာတောင်နားထဲအူခနဲဖြစ်နေအောင်အော်လေတဲ့ ဂျပန်ပေါက်စ။
ဒယ်ဒီဆိုပြီးတစ်ခါခေါ်တိုင်းတစ်ခါသွေးတက်ချင်တဲ့အထိ။"ဂျွန်ဟိုယောင်း ဒယ်ဒီလို့ထပ်ခေါ်ရင်ငါနော်"
"ဘာလုပ်မှာလဲ ဟမ့် လုပ်စရာမရှိဘူးမလား အိမ်ပေါ်ကနှင်မယ်တော့မကြံနဲ့ အဲ့အခါကျရစရာမရှိအောင်မွေပြမယ်"
သူ့ကိုယ်များလာပြန်ချိန်းခြောက်နေသေးတယ်။ဂြိုဟ်ဆိုးကောင်လေး!
"ဘာလိုချင်တာလဲပြောမှာသာပြော"
"အဟဲ ဒီလိုမှပေါ့ အပန်းမကြီးပါဘူး Lottle world ကိုလိုက်ပို့ရုံပဲ"
"ဘာကိစ္စလိုက်ပို့ရမှာလဲ?"
"ဒယ်ဒီလို့ထပ်မခေါ်စေချင်ရင် လိုက်ပို့လေ"
အနိုင်ပိုင်းသွားတာကြောင့်ချက်ချင်းကောက်ထကာလိုက်ပို့ဖို့အပြင်ကိုထွက်လာခဲ့သည်။
စောင့်ကြိုနေတဲ့လူတစ်ဦးရှိတာမို့ ခြေလှမ်းတွေကိုရပ်တန့်ပြီး အကဲခတ်တော့ ငမွဲလေး။ပြုံးပြနေတဲ့ပုံစံကအပြစ်ကင်းသလိုနဲ့...လတ်တလော ဟန်ဂန်ဆောင်းမွေတဲ့ကိစ္စကြောင့် ဒီကောင်လေးအတော်ငြိမ်နေသည်။
ရန်မဖြစ်ရတာ ကြာတော့လည်း တစ်မျိုးပဲ။"တစ်ယောက်တည်းမဟုတ်ဘူးလား"
"ဆာကူရာလေးနဲ့အတူသွားမှာ"
လက်ချိတ်ကာ အကဲပိုနေလျှင် အမြင်ကတ်ကတ်နဲ့ကန်စောင့်ချင်စိတ်တောင်သည်။ဒီဂျပန်ပေါက်စလည်းအာရုံတစ်မျိူးပဲ။
"တက်မှာသာတက်"
.
.
.
"ဘာလိုက်လုပ်တာလဲ ပြန်တော့ဆို!"ရုပ်တည်ကြီးနဲ့အနားကတစ်ကောက်ကောက်လိုက်နေတော့ ရူတိုလေးမပျော်တော့၊ဆာကူရာလေးနဲ့နှစ်ယောက်တည်းပျော်ချင်တာလေ...လူပျိုကြီးဆိုတဲ့အတိုင်းသာသနာကဖျက်ပြီ။
"မင်းငါ့ကိုဒုက္ခပေးပေါင်းများပြီ ဂျွန်ဟိုယောင်း အခုမင်းအလှည့်မင်းခံ"
အကြည့်ချင်းတိုက်စစ်ထိုးနေကြတဲ့နှစ်ယောက်သားကိုမမု၊ထယ်ယောင်းကတော့ရေခဲမုန့်လေးကိုစားရင်းတစ်ယောက်တည်းသာယာနေသည်။