D E P T
"အားရှီး လေးလိုက်တာ ဘာတွေစားထားလို့ဒီလောက်ထိလေးနေရတာလဲ?"
မနိုင်မနင်းသယ်လာရတာမို့ စိတ်ပျက်လက်ပျက်ဖြစ်လျက်။
မြင်မကောင်းအောင်သောက်ထားပြီးအိပ်နေတာများသိုးလို့၊နိုးလို့လဲမရတော့ ဒီလိုသယ်လာရခြင်းပင်။"တက္ကစီ"
အရေးကြီးပြီဆို တက္ကစီတွေကတားမရတာမို့ မတတ်နိုင်တဲ့အဆုံး လူ့ဂွစာကြီးကို ပိုးကာခြေချင်နှင်ရတော့သည်။လေးလံလွန်းတဲ့ကိုယ်ကြီးကြောင့် တစ်လှမ်းရွေ့တိုင်း တစ်ခါငြီးငြူးမိသည်။ဒူးတွေပင်ယိုင်နဲ့လာကာ ခြေကုန်လက်ပန်းကျချင်လာသည်။
"အီးယား တကယ်ဆင်ကိုယ်လုံးပဲ ခဗျားကြီး!!"
.
.
.
.
ညကအရှိန်ကြောင့် နောက်ကျိကျိဖြစ်နေတဲ့ခေါင်းကိုဖိကိုင်ကာမျက်လုံးနှစ်လုံးကိုစဖွင့်မိတော့ အခန်းရဲ့အဖြူရောင်မျက်နှာကျက်ကစီးကြိုသည်။နံစော်နေတဲ့အနေအထားနဲ့မို့...အမြန်ထကာ ရေချိူးလိုက်မှသက်တော့သက်သာဖြစ်သွားသည်။"ညကဘယ်လောက်ထိသောက်ထားမိတာလဲ?"
ဇာတ်ကြောတွေတက်နေတာမို့ လက်နဲ့ဖိကိုင်ကာ အိပ်ယာဘက်ကိုလာမှကြက်သေသေသွားရသည်။
ငမွဲကောင်ကဘယ်လိုဖြစ်လို့သူ့အခန်းထဲရောက်နေတာလဲ။
"ရား ဟေ့ကောင့် ထစမ်း!"
ကြမ်းပြင်ပေါ်မှာ အိပ်နေတာများ သူ့အိမ်သူယာအတိုင်း၊တစ်စက်စက်ကျနေတဲ့သရေတွေကလည်းမမြင်ချင်မှအဆုံးကြမ်းပြင်ပေါ်မှာစိုရွှဲလို့။
"ကင်ထယ်ယောင်း!"
"ဘာလဲကွာ နားညီးလိုက်တာ"
ခေါင်းကိုတဗျင်းဗျင်းကုတ်ကာအိပ်မှုန်စုံဖွားနဲ့ထလာပြီး မဖွင့်တဖွင့်မျက်လုံး တွေနဲ့လူကိုကြည့်လာလေရဲ့။နောက်မှမျက်၀န်းတွေပြူးကျယ်လာကာ အလန့်တကြားထထိုင်သည်။
"မင်းဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေတာလဲ"
"အာ အဲ့တာလား?ဟို ညက ခဗျားအိပ်ပျော်သွားလို့ကုန်းပိုးထမ်းလာပြီး ခဗျားအခန်းထဲရောက်တော့...ညောင်းလို့ခဏထိုင်လိုက်တာပဲ နောက်ဘယ်လိုအိပ်ပျော်သွားမှန်းမသိတော့ဘူး ဟဲဟဲ"