D E B T
မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်းမှာပင်စီးကြိုနေတဲ့မျက်နှာကျက်အဖြူ။
ညက အများကြီးသောက်လိုက်မိတာနဲ့ဆိုဖာပေါ်မှာပဲမှောက်သွားတယ်ထင်။
ကိုက်ခဲနေတဲ့ခေါင်းကိုဖိကိုင်ကာ ထထိုင်လိုက်တော့ နဖူးပေါ်ကကျလာတဲ့အ၀တ်စလေး။"အင်္ကျီတွေကဘယ်သူလှဲပေးထားတာလဲ"
ထိုမေးခွန်းကိုနှုတ်ဖျားမှရေရွတ်လိုက်သည့်နောက် ဦးနှောက်ထဲပေါ်လာတဲ့အဖြေ။
"ကင်ထယ်ယောင်း!"
တံခါးကို ခေါက်ကာခေါ်နေပေမယ့် တုန့်ပြန်သံကိုမကြားရ၊စိတ်လောတတ်သည့် အပြုအမူဖြင့် ချက်ချင်းဆိုသလို တံခါးကိုဆွဲဖွင့်တော့ အခန်းလေးထဲ ဘာဆိုဘာမှမရှိ၊ အရိပ်အယောင်တောင်မမြင်ရတော့။
"ကျစ် ဘယ်ကိုထွက်သွားတာလဲ..."
တွေ့ချင်သည့်မျက်နှာလေးကိုမမြင်ရတော့ ဒေါသကထွက်လာသလို စိုးရိမ်စိတ်တို့နှင့်အတူ ဖုန်းကိုချက်ချင်းခေါ်လိုက်ပေမယ့် ကိုင်သူမရှိ။
"တောက်စ်!ဟာကွာ!"
အ၀တ်အစားမလှဲရသေးသည့်အပြင်မျက်နှာတောင်မသစ်ရသေးသည်ကိုသတိမရ၊ကားသော့ဆွဲကာထွက်လာခဲ့တော့သည်။
"မင်းကိုယ့်ဆီကထွက်သွားလို့မဖြစ်ဘူး ယောင်းရဲ့"
.
.
.
.
.
"အကို့ကို ပြောစရာရှိတယ်ဆိုထယ်ယောင်း""ဟုတ်တယ် အကို ကျွန်တော်အကို့ကိုပြောစရာရှိတယ်"
မျက်နှာချင်းဆိုင်ကအချစ်တွေကိုပုံအပ်ထားခံရတဲ့သူက ကိုယ့်အကြည့်တွေကိုရှောင်လွဲ၏။ကိုယ့်ကိုငြင်းဖို့ ကြံရွယ်နေလေသလား။
"ကျွန်တော်ဟို ကျွန်တော် အကို့ကို အကိုတစ်ယောက်ထက်မပိုပါဘူး ဒါကြောင့်...."
"အကိုနားလည်ပြီ အကို့ကိုမင်းသဘောမကျဘူးဆိုလည်း အကိုကလက်လွတ်ပေးဖို့အဆင်သင့်ပဲ ကလေးငယ်"
"ကျွန်တော်တောင်းပန်ပါတယ် အကို"
"မဟုတ်တာ ပေးချင်တိုင်းပေးလို့မရသလို ယူချင်းတိုင်းလဲယူလို့မရတဲ့အရာအများကြီးရှိတယ် ကလေးငယ် အဲ့ထဲမှာ အချစ်ဆိုတာလည်းပါတယ် ပေးဖို့မဖြစ်နိုင်တဲ့ အရာကိုအကိုက အတင်းမတောင်းဆိုပါဘူး ကလေးလည်းသေချာဆုံးဖြတ်ပြီးပြီမလား ကိုယ်ကျေနပ်ပါတယ်"