TwElVe

155 23 0
                                    

D E B T

"ဂျွန်ဂျောင်ဂု ပြန်လာတာ နောက်ကျ-ဟင် ဆာကူရာလေး..."

ဆာကူရာလေးကိုပွေ့ချီလာတဲ့ဂျွန်ဂျောင်ဂုကြောင့်ရူတိုအံ့ဩသွားသလို မျက်နှာတွေပါနီမြန်းကာ ဒေါသထွက်လာသည်။
ဂျွန်ဂျောင်ဂုကဘာလို့ရူတို့ဆာကူရာလေးကို...

"ဆာကူရာလေးကို ရူတိုဆီပေး ရူတိုပွေ့မယ်"

"ဖယ်စမ်း!‌ကောင်စုတ်လေး ရှုပ်မနေနဲ့ ဒီမှာသယ်ထားရတာလေးနေပြီ"

"ဟွန့်...ဒါဆိုလည်းရူတို့အခန်းထဲထည့်ပေး"

"‌လူကလက်တောက်လောက်နဲ့နှာကမသေးဘူး"

"ဂျွန်ဂျောင်ဂု!!"

"အင်း...အဟင့်"

တိတ်ဆိတ်သွားတဲ့အခြေအနေ၊ဂျပန်ကောင်ပေါက်စက ပါးစပ်ကိုပိတ်ကာ အဖြစ်သည်းနေသည်။

"ဂျွန်ဂျောင်ဂု ခဗျားကြောင့် ဆာကူရာလေးနိုးတော့မယ်"

"မင်းရဲ့အာကြီးအာကျယ်သံနဲ့သာနိုးမှာ"

"ဒီ...."

ရှုပ်နေတဲ့ အကောင်ပေါက်စကိုလျစ်လျူရှုပြီး ဘေးက အခန်းရဲ့ကုတင်ပေါ်ကိုတင်ပေးလိုက်သည်။ဖိနပ်တွေချွတ်ပေးနေရင်း သတိထားမိလာတာက ဂျွန်ဂျောင်ဂု အခုမင်းဘာတွေလုပ်နေမိတာလဲ။

အကြည့်တွေကနှုတ်ခမ်းဆီအရောက် လောလောကဖြစ်ပျက်သွားတဲ့ အရာတွေကိုပြန်မြင်လာတာကြောင့် ခေါင်းကိုခါကာ အတွေးတွေကိုဖယ်ထုတ်လိုက်သည်။
ဒါနဲ့ ဘာလို့ရွံသလိုမခံစားရတာလဲ....?

"ဖယ်ဖယ်...ရူတိုလုပ်လိုက်မယ်"

အတွေးများနေတုန်း ကုတင်ပေါ်လစ်ခနဲတက်လာတဲ့ဂျပန်ကောင်ပေါက်စကဦးစွာပင်အင်္ကျီကြယ်သီး‌တွေပေါ်လက်လှမ်းသည်။

"မင်း ဘာလုပ်နေတာလဲ"

"အင်္ကျီလဲပေးရမယ်လေ ရုပ်ရှင်ထဲမှာမမြင်ဖူးဘူးလား မင်းသမီးလေးမူးလာရင်မင်းသားလေးကအင်္ကျီလဲပေးပြီး အဟိ"

"နှာဘူးကောင် ဒီလာခဲ့"

"အာ့ ဂျွန်ဂျောင်ဂု"

နားရွက်ကိုဆွဲကာ အခန်းထဲကခေါ်ထုတ်ပြီးဆိုဖာပေါ်ပြစ်တင်လိုက်တော့ ဂျိုကြည့်ကြည့်သည့် ကျေးဇူးရှင်လေး။

D E B TWhere stories live. Discover now