FoUr

140 29 0
                                    

DEBT

"ခဗျား...လူ့ဂွစာကြီး"

"မှတ်မိသားပဲ"

"ခဗျား ကျွန်တော့်ကိုဘာဖြစ်လို့-"

အနှေးပြကွက်လိုဝိုးတိုးဝါးတားပေါ်လာတဲ့အဖြစ်အပျက်တွေကထယ်ယောင်းပါးစပ်ကိုပိတ်သွားစေသည်။ဒီလူကိုသူကိုယ်တိုင်ပိုက်ဆံတွေနဲ့ပေါက်မိခဲ့တာပဲ...။အခုတော့ ဒီလူဆီမှာအကြွေးတွေနဲ့အသိမ်းခံရပြီ။ရှက်စရာကောင်းလိုက်တာ...။

"တိတ်သွားပုံရ မင်းလုပ်ခဲ့တဲ့အရာတွေကိုမှတ်မိသွားပုံပဲ"

"အဲ့-အဲ့တုန်းက ကျစ် ဘာပဲဖြစ်ဖြစ်Sry....."

တောင်းပန်ပုံကကိုတစ်စက်မှအချိုးမပြေ၊စိတ်ရှိတိုင်းသာလုပ်လိုက်ရရင် သူဒီကောင်လေးကိုကိုင်ပေါက်မိတော့မှာ။

"ဒီကိစ္စကတောင်းပန်ရုံနဲ့ပြီးသွားမှာမဟုတ်ဘူး...မင်းလူပုံအလယ်မှာငါ့မျက်နှာတည့်တည့်ကိုပိုက်ဆံနဲ့ပေါက်သွားတာမလား"

"အဲ့တော့ လူတွေအရှေ့မှာကျွန်တော့်မျက်နှာကိုခဗျားကြီးရဲ့ ပိုက်ဆံတွေနဲ့ပြန်ပေါက်ရမှကျေနပ်မှာလား ဟား...ရယ်ရလိုက်တာ လူကောင်ကြီးပြီး ကလေးစိတ်နဲ့"

"မင်း ဘာပြောလိုက်တယ်!"

"ကျွန်တော်နှစ်ခါပြန်မပြောတတ်ဘူး"

"မင်း-မင်း! ဟူး ဘာပဲဖြစ်ဖြစ်မင်းကိုငါပိုင်တယ်ငမွဲလေး ငမွဲလေးကဒီကသခင်ကြီးရဲ့အကြွေးတွေကိုဆပ်ရမယ်"

ငမွဲလေးဆိုသည့်နာမ်စားကထယ်ယောင်းအရှိုက်အားတည့်တည့်ထိစေမှန်းဂျောင်ဂုသတိထားလိုက်မိတာကြောင့် နောက် ဒီနာမ်စားပဲသုံးမည်ဟုသူတွေးလိုက်သည်။

"ခဗျားအကြွေးတွေကိုကျွန်တော်ဘယ်လိုဆပ်ရမှာလဲ"

"အာ အဲ့တာလား...."

ရုပ်ခွက်တစ်ခုလုံးစုတ်ပြတ်သတ်သွားအောင်ထိုးစရာကောင်းတဲ့မျက်နှာနဲ့ထယ်ယောင်းထံချည်းကပ်လာသူ။နားနားကပ်ကာတိုးညှင်းသောလေသံဖြင့်‌ပြောလိုက်တဲ့စကားကထယ်ယောင်းဒေါသlevelကိုဂိတ်ဆုံးထိမြင့်တင်ပေးသည်။

"မင်းရဲ့အလုပ်က ငါ့ရဲ့အိပ်ယာပေါ်မှာတာ၀န်‌ ကျေဖို့ပဲ"

"ဘာ!ခဗျား!!"

D E B TWhere stories live. Discover now