D E B T
"ကျွန်တော့်ကိုဘာခိုင်းစရာရှိလို့လဲဟင်"
"ခိုင်းစရာထက်အကိုကအကူအညီတောင်းစရာရှိတာ..."
"ဘယ်လိုအကူညီလဲဟင် အကိုဟန်"
"ထယ်ယောင်းကို ယာယီမန်နေဂျာခဏလုပ်ခိုင်းမလို့"
"ယာယီမန်နေဂျာ..."
"အကိုကမွေးရပ်မြေကို ခဏလောက်ပြန်မလို့လေ အကို့အမေကနေမကောင်းတော့ မပြန်လို့မဖြစ်ဘူး Bossကခွင့်ပြုပေမယ့် အကိုကိုယ်တိုင်ကစိတ်မချဘူး Bossမှာလူယုံဆိုလို့အကိုပဲရှိတာ"
"ဒါဆို ကျွန်တော်က"
"ထယ်ယောင်းကိုကျ အကိုကယုံကြည်လို့လေ လုပ်ရတာကမခက်ခဲပါဘူး...Bossအနားမှာနေပြီး Bossရဲ့scheduleတွေစီစဉ်ပေးရုံပဲ... Manager တစ်ယောက်ရဲ့အလုပ်မှာscheduleစီစဉ်ပေးတာသဘာ၀မကျပေမယ့် အကိုကပဲလုပ်ပေးဖြစ်တာ... ကျန်တဲ့အလုပ်တွေကတော့ အကိုသေချာစီစဉ်ထားခဲ့တယ် အာ သွားတာလည်း မကြာပါဘူး တစ်ရက်နှစ်ရက်လောက်ပဲ"
အကိုဟန်ရဲ့စကားတွေကနားထဲ၀င်တစ်ချက်၊မ၀င်တစ်ချက်...။
ထိပ်တိုက်မတွေ့ချင်လို့ရှောင်နေပါသည်ဆိုမှ ယာယီမန်နေဂျာအနေနဲ့အနားကပ်ရဦးမယ်တဲ့။"အကူအညီတောင်းပါတယ်ထယ်ယောင်း"
အနားလဲမကပ်ချင်ပေမယ့် အကူအညီလိုတဲ့သူကိုကူညီတတ်တဲ့ဖြူစင်တဲ့စိတ်ထားလေးကရှိပြန်တော့ခေါင်းငြိမ့်ကာ လက်ခံလိုက်တော့သည်။
လူ့ဂွစာကြီးက အစမဖော်တော့ မသိချင်ယောင်ဆောင်ရင်လည်း ရလောက်မှာပါလေ...။
.
.
.
ရေချိုးသန့်စင်ပြီးနောက် တစ်ထည်တည်းသော Suitလေးကို၀တ်လိုက်သည်။
ဆေးကျောင်းတက်တုန်းကရှိစုမဲ့စုလေးနဲ့၀ယ်ထားတဲ့Suitလေး၊တစ်ခါတည်းသာ၀တ်ပြီးထားသည်မို့ သေသေသပ်သပ်လေးဖြစ်နေသေးသည်။အနည်းငယ်ကျပ်ချင်သယောင်ရှိနေတော့ အပေါ်ကကြယ်သီးနှစ်လုံးကိုဖြုတ်ချပြီး ဆံပင်ကိုဖြီးသင်လိုက်သည့်နောက် Perfect။"ဖိုက်တင်းထယ်ယောင်းဂီ"
မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ပြီးအားပေးစကားပြောလိုက်ပြီးနောက် အပြင်ကိုထွက်လာလိုက်သည်။
ထိုင်စောင့်နေတဲ့လူ့ဂွစာကြီးကိုကြည့်ကာ အသိပေးတဲ့အနေဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး...