D E P T
"ဒီနေ့တာ၀န်ကျေတယ်"
"ဟုတ်ကဲ့ဗျ"
သာမန်ထက်ပို၍တည်တင်းနေတဲ့မျက်နှာကြီး။အရေးထဲဆိုစပ်စုချင်တဲ့ဓာတ်ခံလေးကကြွကြွလာတော့ အလိုက်မသိတဲ့ပါးစပ်က ကိုယ့်ကိစ္စမဟုတ်ပဲမေးမြန်းလိုက်မိ၏။
"ဟို ခုနကတစ်ယောက်က ဘယ်သူလဲဟင်"
"မင်းနဲ့ဆိုင်လား?"
"ဒီတိုင်း သိချင်လို့ပါ"
"စပ်စုတာကိုမကြိုက်လိုက်တာ ၀မ်ငါးသောင်းတိုးပြီ မင်း"
"ဗျာ!"
တစ်နေ့လုံးလုံးအပင်ပန်းခံလုပ်ထားပြီးမှ၀မ်ငါးသောင်းကတိုးပြီ။လုပ်ချင်ဦး ကင်ထယ်ယောင်းရေ စပ်စုချင်ဦး ဒီလောက်တောင်ရှာရှည်ရတာ...ကိုယ့်အပြစ်နဲ့ကိုယ်ခံလိုက်ဦးပေါ့။
ပွစိပွစိရေရွတ်နေတဲ့ကောင်ငယ်လေးကတစ်စုံတစ်ယောက်ရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတန်းတို့ကိုပြေလျော့သွားစေလေရဲ့။
"ဟက် ဘာကောင်မှန်းမသိဘူး"
.
.
.
စားပွဲခုံပေါ်မှာ အစဉ်မပြတ်လာချပေးသည့် မနက်စာ၊လူ့ဂွစာကြီးပေးတာသေချာတာကြောင့် ကျေးဇူးတင်စကားတော့ထယ်ယောင်းပြောဖြစ်အောင်ပြောမည်ဟုတွေးပြီး။"ကျေးဇူးပါ"
"ဘာအတွက်လဲ?"
"ဒီမုန့်တွေကိုခဗျားပို့ပေးတာမလား"
"အဲ့တော့"
"အဲ့တော့ ကျေးဇူးပါလို့"
"မလိုဘူး ငတ်ပြတ်ပြီးသေသွားမှာကိုမမြင်ချင်လို့ပို့ပေးတာ"
စကားပြောရင်အကောင်းမပြောတတ်တဲ့လူ့ဂွစာကြီးကိုကျေးဇူးတင်စကားပြောမိတဲ့ကိုယ့်ကိုကိုယ်တောင် အပြစ်တင်မိသည်။
စိတ်ထိန်း စိတ်ထိန်း ကင်ထယ်ယောင်း!ဒီလူ့အနားမှာအကြွေကြေအောင်ဆပ်ပြီးမှ မင်းလုပ်ချင်တာလုပ်ရမှာ ဟူး...။"အော တစ်ခါတည်းပြောရဦးမယ် မင်းလိုသန့်ရှင်းရေးသမားကိုငါ့ကားနဲ့တင်ခေါ်ရတာာလူတွေပြောစရာဖြစ်တယ်...နောက်နေ့တွေအတွက် တက္ကစီခထုတ်ပေးမှာမို့ ဒီကားနဲ့လိုက်စရာမလိုတော့ဘူး"