Part1

4.1K 91 0
                                    

Zawgyi

[ရင်ထဲကိုမြူတမှုံစာလောက်ရောက်စေမှာပါ]

ကိုယ်တော်ရယ် ကိုယ်တော်သိပ်ချစ်ရတဲ့မင်းရယ် မခွဲပဲအတူတူနေချင်မိပါရဲ့...
ဘာ့ကြောင့်များ ကိုယ်တော့်ရဲ့ချစ်အတ္တကို ငါ့ချစ်သောမိဖုရားရယ်မမြင်နိုင်ရတာလဲ

ကိုယ်တော်သိပြီးသားပါ ချစ်မိဖုရားရယ် မင်းကိုယ့်ကိုဘယ်‌တုန်းကမှ မချစ်ခဲ့ဘူးတာ ချစ်မိရင်အရှုံးတဲ့ ကိုယ်တော်မင်းကိုချစ်မိကတည်းက ရှုံးပေးပြီးသားဒီနှလုံးသားကို ဘာ‌ကြောင့်..ဘာ့ကြောင့်များ
ကိုယ်တော့်မိဖုရားရယ် ကိုယ်တော့်ရင်ကိုစုန်ကန်ပီးထွက်ခွာသွားရက်တယ်နော်

ချစ်တတ်လွန်းသောအင်ပါယာအရှင်မှာတော့ မိမိရှေ့က ချစ်လှစွာသော ဤအမျိုးသားလေးသည် တချိန်က လှပမောက်မာလွန်းသောလူငယ်လေးနှင့်မတူစွာ အိမ်မက်ရှည်ကြီးမက်နေသော အိပ်ပျော်နေသူတစ်ဦးလို
မာန်မာနကင်းလျက်မျက်ဝန်းတို့သည်အမုန်းမျက်ဝန်းတို့မရှိ
နှုတ်ခမ်းတို့သည် အရင်လိုအမုန်းစကားမဆိုတော့ပေ

အမြဲလိုလိုကိုယ်တော့်ကိုပွေ့ ဖက်လို့ တွန်းထုပ်သောလက်တို့သည်
တန်ပြန်မှုမရှိပြီ

ကိုယ်တော်သိပ်အတ္တကြီးမိခဲ့သလားကိုယ်တော့် မိဖုရားရယ်
ကိုယ်တော်သိပ်အတ္တကြီးခဲ့မိလားဟင်...
မိမိအတွင် တွင်မေးမိပေမယ့် လဲလျောင်းနေသော အမျိုးသားလေးသည်ပြန်မ‌ဖြေတော့တာကြာခဲ့ပြီ

ကိုယ်တော်မင်းကိုသိပ်ချစ်တယ် သိပ်ချစ်လွန်းလို့ ကိုယ်တော်ရူးမတတ်ပါပဲ
နောင်ဘဝ နောင်ဘဝများရှိခဲ့ရင်လေ ကိုယ်တော်မင်းဆီကို ခြေဦးတောင်မလှည့်စေရပါဘူး

သူ့ရှေ့ရှိဤလူသားသည် သူ့အားနှလုံးသားတစ်နေရာ၌ နေရာပေးခဲ့သည်ကို သူသိခဲ့သော် ထိုသို့ငို‌ကြွေးရမည်မဟုတ်ပေ

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဟုန်ပြည့်ရှင်က လက်ရုံးရည်ရောနှလုံးရည်ပါပြည့်စုံအောင် ရှိတဲ့သူတယောက် စစ်ပွဲအလီလီနွှဲလို့ အောင်နိုင်သူတစ်ယောက်ပင်
ဤသူသည်ကားဟုန်ပြည်ကြီး၏ အရှင်ဝမ်ရိပေါ်ပင်

စစ်သေနာပတိမှူးမတ်များနဲ့ စစ်ရေးစစ်ရာဆွေးနွေးနေသောတဲနန်း၏အပြင်တွင်လက်အောက်ငယ်သားတဦး၏လျှောက်တင်သံကို ကြားရ၏

🍁ချစ်မိဖုရား🍁Where stories live. Discover now