part2

1.2K 63 0
                                    

Zawgyi

လျန်ဟွား၏ညီလာခံသည်ခဏတွင်းပင် ဒေါသတို့ ပြည့်သိပ်သွား၏
မှူးမတ်တို့လည်းဒေါသထွက်ရ၏
ဟုတ်သည်လေ သူတို့ ပြည်ကိုလဲသိမ်းဦးမယ် အိမ်ရှေ့ စံကိုလည်းတောင်းတယ် အဆိုးဆုံး လျန်ဟွားပြည်၏ တန်ဖိုးထားဆုံး သူတို့ဘုရင်ကိုပါဧကရီကရာထူးပေးဦးမယ်

ဘယ်လိုတောင် လူမဆန်လိုက်သလဲ
ရိုင်းစိုင်းလိုက်လေသလဲ

လုံးဝကိုရွေးစရာလမ်းမရှိပြီ စစ်ဖြစ်လျှင်အင်အားကမမျှသည်မို့ ပြည်သူအကုန် သုံ့ပန်းဖြစ်ဦးမည်
စစ်‌ပြေငြိမ်ပေးပါကလည်း လက်ဆောင်ပဏ္ဍာအဖြစ် အိမ်ရှေ့ စံနဲ့ ဘုရင်ကိုပါ အနောက်‌ဆောင်ကိုဆက်သရမယ်

တကယ့်ကိုရွေးစရာလမ်းမရှိခဲ့
ရှောင်းကျန့်သည် ဒေါသ‌ကြောင့်ပုလ္လင်တွင်ထိုင်နေရင်း နှင့် တဆတ်ဆတ်တုန်နေသည်
မိမိ၏သားအားတောင်းသည်က လက်ခံနိုင်ပါသေးသည်

သို့သော်မိမိက ဘယ်သို့ဘယ်ပုံ သူတစ်ပါးဧကရီလုပ်ရမည်နည်း
သူသည်ယောက်ျားစစ်စစ်ပင် သားတော်ကဲ့သို့ယောက်ျားမဒီပင် မဟုတ်ပေ

[note-ရှောင်းကျန့်က၁၆နှစ်မှာထီးနန်းရတယ် ၁၅နှစ်မှာသားတော်ကိုရတယ်
ရှောင်းနျန်က၁၄နှစ်ပါ မယ်တော်ကတော့သားတော်ကိုဖွားရင်းဆုံးပါတယ်
ရှေးခေတ်မှာ၁၃,၁၄,၁၅,ဆိုရင်ကိုအရွယ်ရောက်ပြီလို့သတ်မှတ်ပါတယ်
ရိပေါ်နဲ့ရှောင်းကျန့်ကအသက်က၄နှစ်ကွာတယ်
ရိပေါ်က၂၅နှစ်
ရန်ကျိုးကရိပေါ်နဲ့၃နှစ်ကွာတယ်
readers တွေကွကိုဘယ်သူ့ အသက်ကဘယ်လောက်ဆိုတာ အသက်တွက်လိုက်ကြပါ😂]

မှူးမတ်နှင့် ဝန်ကြီးတို့လည်းရွေးရခက်နေရတော့၏ သူတို့ကိုယ်တိုင်ဓားဆွဲပြီး တိုက်လျှင်တောင် ၇၀%ပဲအောင်နိုင်လိမ့်မည်
သို့သော် ဟုန်ဘက်ကသာ ချက်ချင်းလက်ငင်းသိမ်းလိုသော် အခုချိန်သူတို့ အလောင်းဖြစ်‌လောက်ပြီ

ရှောင်းကျန့် နားထင်ကိုနှိပ်နယ်နေရ၏
ဘယ်လိုဆုံးဖြတ်ရမည်တောင်မသိတော့ပြီ
မိမိကိုယ်တိုင် ကအသာတကြည် သူတပါးမိန်းမလုပ်ရမည်လော
စစ်ပဲတိုက်ပြီးခုခံရမလားမဝေခွဲနိုင်တော့ပေ

🍁ချစ်မိဖုရား🍁Where stories live. Discover now