part 12

461 44 2
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဟုန်ပြည့်ရှင် အရှင်ဝမ်ရိ‌ပေါ်၏ အမျိုးသား ဧကရီ ရှောင်းကျန့်နှင့် ဒုအရှင် ရှန်ဝမ် ၏ကြင်ယာတော် ရှန်ဝမ်ဖေး ဖြစ်သည့်ရှောင်းနျန်တို့ကတော့  ထုံးစံမပျက် ကျားစေ့ချကစားဆဲဖြစ်သည်

[ရှန်ဝမ်-(ဘွဲ့ ထူးအမည်)ဧကရာဇ်ပြီးရင်ဒုတိယ အာဏာအကြီးဆုံးနေရာ/ရှန်ဝမ်ဖေး_ရှန်ဝမ်၏ ပထမဇနီးမယား]

ဘေးမှခစားသော‌အစေခံတို့ကလည်း နေ့မွန်းတည့်နေပြီဖြစ်သောကြောင့် စားတော်ပွဲများကအသင့်ဖြစ်နေလေသည်

သို့သော် ဧကရီနှင့်ရှန်ဝမ်ဖေးတို့က အလွန်အမင်းကျားစေ့ကစားခြင်း
အပေါ် ဝါသနာကြီးကြ၍ ဝင်လည်းမနှောင့်ယှက်‌ရဲပေ။
ဧကရီကိုလည်း ဧကရာဇ်က အလိုလိုက်သလို ရှန်ဝမ်မင်းသားကလည်း ရှန်ဝမ်ဖေးအားအလွန်ချစ်သည့်အတွက်
ထိုသူနှစ်ယောက်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို သူတို့က အသေးစိတ်စောင့်ရှောက်ပေးရသည်

ကျန်သည့်အချိန်တွင်ခစားရလွယ်ကူပေမယ့် ဤအချိန်တွင် အရှင်မနှစ်ပါး၏ ခင်ပွန်းနှစ်ဦးကပင် မတားဆီးနိုင်ပေ။ထို့ကြောင့် သူတို့အရမ်းစိတ်ညစ်ရသည်
တကယ်ကို ဒီနှစ်ယောက်က ကျားစေ့ဆိုတာနဲ့ ထမင်းမေ့ဟင်းမေ့ပဲသာမှတ်လိုက်တော့

သူတို့က လျှောက်တင်ရမလိုလို မလျှောက်တင်ရဘူးလိုလို တြွေဖစ်နေကြကာ တွန့်ဆုတ်နေကြသည်

ထိုစဉ် ရှန်ဝမ် မင်းသားကဝင်လာလေပြီ
သူတို့နည်းနည်းတော့အားတက်သွားရ၏
သူတို့နဲ့အတူခေါင်းခံမယ် လူနောက်တယောက်ပဲ

အပြင်ဘက်မှာစုဝေးနေကြသော အအစေခံစုကြီးကိုဝမ်ရန်ကျိုးမေးလိုက်တော့ အားလုံးက သူ့တို့နှင့်အတူ အဖော်ရသည့်နောက်တယောက်ဟု မျက်လုံးများက သက်သေပြစွာ တပြိုင်နက်ကြည့်လာကြသည်

သူသက်ပြင်းသာချလိုက်တော့၏
အထဲမှာ ယောက္ခမတော် ဧကရီနဲ့ သူ့ရဲ့ ရှန်ဝမ်ဖေးလေးက ကျားစေ့ကစားနေတယ်ဆိုတာ သေချာ‌၏
သူ့ဆုတောင်းကားမပြည့်တော့ချေ။

သူအံသာကြိပ်နိုင်တော့သည်
ယောက္ခမတော်ဧကရီ ရေ ဒါကတော့များလွန်းသွားပြီ
ဒီကိုနေ့တိုင်းချောင်းပေါက်အောင်လာရသလား
အကိုတော်ရဲ့ နဂါးအိပ်ယာထဲကမထွက်ရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်.....

🍁ချစ်မိဖုရား🍁Where stories live. Discover now