part 19

445 34 0
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ရှောင်းကျန့် ရထားလုံးပေါ်ကဆင်းဆင်းချင်း တွေ့ လိုက်ရတဲ့
ခရမ်းရောင်အရိပ်လေး
ပုံရိပ်လေးက မ‌ပြောင်းလဲဘူး
ယောင်‌‌ယောင်မင်းကအရင်အတိုင်းပဲ

ဟုန်ကျင်း၏ရထားလုံးက နန်းတော်အပေါက်ဝကဖြတ်သန်းဝင်သွားပြီးနောက် အဓိကနန်းဆောင်ကြီးရှေ့ တွင်ရပ်သွားတော့၏

ဟုန်ပြည့်ရှင်,ဝမ်ရန်ကျိုး၊သက်တော်စောင့်နှင့် စစ်သည်အချို့ကလည်း ရင်ပြင်ထက်မှလှပသောအမျိုးသာလေးအားအံ့ဩတကြီးဖြစ်နေကြ၏
သူကဘယ်သူလဲ
ဒီနန်းတော်ရဲ့ဘယ်ရာထူးလဲ
လှပသေးသွယ်သောကိုယ်၊လှလွန်းသောမျက်နှာလေးက အမျိုးသားမဒီလေးမှန်းသိသာစေ၏

ဤအတိုင်းရပ်နေရုံလေးကပင် လှပလျက်ရှိ၏
သူတို့အတွေးထဲနစ်မြုပ်နေစဉ်မှာပင် မထင်မှတ်ထားသည့်အရာဖြစ်သွားရ၏

ရင်ပြင်ပေါ်ကခရမ်းယောင်အရိပ်လေးသည် ဦးစွာပထမအံ့ဩသွားပြီး မက်မွန်ပွင့်လွှာမျက်ဝန်းများ၌ အရည်ကြည်များဝေ့သီလာလျက်
နှုတ်မှ "ငါ့ရဲ့အရှင်"ဟုပြောကာ အဖြူရောင်ခေါင်းဆောင်းဖယ်လိုက်သော အမျိုးသားထံ အကဲခတ်ကာ ဝတ်ရုံစကိုမလျက် အစေခံတစ်စုကိုထားခဲ့ကာ လှေကားထစ်များအားပြေးဆင်းလာလျက် တဟုန်ထိုးပစ်ဝင်လိုက်တော့၏

ရှောင်းကျန့်  သူ့ရင်ခွင်ကိုတစ်စုံတစ်ယောက်ပစ်ဝင်လာဖို့ ခွင့်ပြုပေးလိုက်တော့သည်
သူယောင်ယောင်ကို အကဲခတ်နေတာကြာပြီ သူ့အားပစ်ပယ်ထားတာလည်းမဟုတ်ဘူး
စိတ်လည်းမဆိုးဘူး
နာကျည်းတာလည်းမရှိဘူး

သူ၏ငယ်စဉ်ကတည်းကအေးအတူပူအမျှလူ
သူ့ရဲ့ မိသားစုဝင်

သူဤလူအားပွေ့ဖက်ခွင့်အပြည့်အဝပေးထားကာ သူကလည်းပြန်လည်ပွေ့ ဖက်ထား၏
"ယောင် ယောင်"သူ့အသံက ရင်ကွဲဆို့ နစ်နေကာ နာကျင်ချင်းအရိပ်အယောက်က သူ့၏အက်ကွဲကာမတည်ငြိမ်
သောအသံကသက်သေပြနေ၏
အနည်းငယ်အပြစ်ရှိသယောင်လည်းပါဝင်နေ၏

ယောင်ယောင်သည်အမှန်တကယ်ပင် သူ့အားပွေ့ ဖက်ကာ ငိုနေခဲ့သည်
သူ့ရှေ့ ကလူက ခဏတွင်းချင်းပျောက်ကွယ်သွားမည့်အလား
တင်းကြပ်စွာထွေးဖက်ထား၏

🍁ချစ်မိဖုရား🍁Where stories live. Discover now