part 21

481 35 1
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဧကရီ၏ ငါမင်းကိုသတ်မယ်ဟုသောကြိမ်းမောင်းသံနှင့် အလိုမကျသောအကြည့်တို့ကို ဟုန်ဘုရင်သိသည်နှင့် လှုပ်ရှားမှုများရပ်တန့်သွားရ၏

ချက်ချင်းပင် သူ့လုပ်ရပ်များကရပ်တန့်သွားက အကြင်သူအားလွှတ်ပေးလိုက်ပြီး နှမြောတသဖြစ်မှု၊လိုချင်တာမရသည့်ကလေးငယ်လေးပုံစံအဖြစ်ပြောင်းသွားတော့၏
သက်ပြင်းချသံသဲ့သဲ့နှင့် မူမမှန်သောအသက်ရှုသံများကရောယှက်လျက်ရှိ၏

ရှောင်းကျန့် သူ့အားအုပ်မိုးထားသည့် လူမှ ရုတ်ချည်းရပ်တန့်သွားသောကြောင့် စိတ်ထဲမသက်မသာမှုလေးအနည်းငယ်ဖြတ်ပြေးသွားရကာ
အံ့ဩသွားရ၏

ဒီလူကသူ့ဆိုရင်အမြဲသားရဲကြီးလိုပဲ ခုန်အုပ်ဖို့ပဲ ။
အခုကျ သူတစ်ချက်ငေါက်လိုက်တာနဲ့ ကျောက်ရုပ်ကြီးလိုရပ်တန့်သွားကာ ဟုန်ပြည့်ရှင်၏ ချစ်စရာတဖက်ခြမ်းကိုမြင်တွေ့လိုက်ရသည်။

ဆူခံလိုက်ရသောခွေးကလေးနှယ် နားရွက်ကလေးများညွှတ်ကျသွားသည်ကိုမြင်နေရသည်
သခင်၏ အရေးပေးမှု၊တုန့်ပြန်မှုကိုစောင့်မျှော်နေသည့်  ပုံစံနှင့်တူနေပေသည်

သူ့ကိုအုပ်မိုးလိုက်စဉ်က ပူနွေးသောတစ်စုံတစ်ခုကသူ့ပေါင်အားထိတွေ့နေသည်ကိုသူရိပ်မိပါသည်။
အဲ့ဒီဆန္ဒကယောက်ျားသားတွေအများစုအတွက် ကိုယ်သဘောကျဟည့်လူရှေ့မှာထိန်းချုပ်ရခက်ကြသည်ဟု ‌ပြောကြသည်ကိုကြားဖူး၏

သူ့တွင် အဲ့ဒီလိုဆန္ဒမျိုးမဖြစ်ပေါ်ဖူးသည့်အတွက် တဖက်လူ၏အနေရခက်မှုကို သူသိပ်မသိပေ။
သူ ဟုန်ဘုရင်၏ခွကြားကိုတချက်ကြည့်မိတော့ ပါးပြင်များတောင်ပူလာသလိုလို...

ပြီးတော့အဲ့ဒီမျော်လင့်ချက်တြွေပည့်နေတဲ့မျက်ဝန်းတွေနှင့် သူ့အားခဏခဏကြည့်နေပုံ အဆူခံရ၍နားရွက်ကုပ်သွားသောခွေးလေးကဲ့သို့အမူအရာများက သူ့နှလုံးအိမ်၏တစ်နေရာအား ယားယံလာစေသည်

"ဟို...အဲ...မင်း အဆင်‌ပြေရဲ့လား"သူမစဉ်းစားမဆင်ခြင်ပဲလွှတ်ခနဲမေးမိလိုက်၏။

ထိုစကားကြောင့် တစ်စုံတယောက်၏ ကောက်ကျစ်သောညဏ်ကလေးကထွက်ပေါ်လာတော့၏
"ရှောင်း မင်းဘယ်လိုထင်လဲ ဟင်"
အသံကဩရှနေကာ ချုပ်တည်းထားမှုများပါဝင်နေသည်
အလွန်အမင်းလည်းချွဲနွဲ့မှုများကလည်း ပါဝင်နေသေး၏

🍁ချစ်မိဖုရား🍁Where stories live. Discover now