Part25

413 35 2
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

နန်းတော်သို့ပြန်ရာ ရထားလုံးနှစ်စီးသည် မြို့တွင်းသို့ဝင်နေပြီဖြစ်သည်။
လျန်ဟွားသို့ အဆောင်အယောင်နှင့် ကိန်းကြီးခမ်းကြီး မသွားသောကြောင့် သူတို့အား နန်းတော်ရင်ပြင်၌ ပြည်သူများသောင်းသောင်းဖြဖြ မကြိုဆိုကြပေ။

သို့သော် ပြည်သူများအကြားကောလဟာလတစ်ချို့တော့ ရှိကြစမြဲပင်။
_ဧကရာဇ်မင်းကြီးသည် အသစ်စက်စက်လက်ဆက်ထားသော မဟာမိတ်အမည်ခံ နိုင်ငံမှ မင်းသားငယ်အား လစ်လျူရှု၍
ချစ်လှစွားသော ဧကရီမိဖုရားအား နန်းတော်၌မပျော်မွေ့ ၍ မွေးရပ်မြေသို့ လိုက်ပို့ခြင်း
_ကြင်ယာ‌တော်အသစ်တင်‌မြှောက်သည့် ကိစ္စနှင့် ပတ်သက်၍ဧကရီစိတ်ဆိုးကာ မွေးရပ်မြေသို့ပြန်သွားသောကြောင့် အချစ်ကြီးသည့် ဧကရာဇ်ကြီးက  ရိုမန့်တစ်ဆန်ဆန် ပြန်ခေါ်လာခြင်း
_ဧကရီသည် မိမိတို့ ဧကရာဇ်ကြီးလက်မှထွက်ပြေးသောကြောင့် ဧကရီအား အတင်းအကြပ်ပြန်လည်ခေါ်ဆောင်လာခြင်း....

စသည် စသည်ဖြင့် တည်ခိုခန်း၊စားသောက်ဆိုင်၊လူစည်ကားသည့်နေရာတို့တွင် သို့လောသို့လော ထင်ကြေးပေးကြသည်ကို တွေ့ မြင်နေရ၏။

ဟုန်ကျင်းသည် လျန်ဟွားနှင့်မတူ ကွဲပြားခြားနား၏။
ပြည်သူပြည်သားများက ပွင့်လင်းဖော်ရွေကြသည်။
ဟုန်ကျင်း၏ယဉ်ကျေးမှုသည် တစ်ပါးတိုင်းပြည်များနှင့်မတူပဲ လွတ်လပ်ပေါ့ပါး၏

စိတ်ကြိုက်သွားလာဝင်ထွက်ခွင့်၊စီးပွားရှာခွင့်၊နေထိုင်ခွင့်တို့သည် တိုင်းပြည်၏ တရားဉပဒေအောက်၌ လျော်ညီစွာတည်ရှိပါက မည်သည့်နေရာမဆို ဝင်ထွက်သွားလာခွင့်ရှိသည်

ဟုန်ကျင်းတွင်တစ်မူထူးသည့်ဉပဒေတစ်ရပ်သည် အနောက်ဆောင်မှ မောင်းမမိဖုရားတို့သည် လိုအပ်ရင်လိုအပ်သလောက် စစ်ဘက်နှင့်နိုင်ငံရေးရာတွင် ကူညီခွင့်ရှိသည်။ကိုယ်တိုင်အမှုထမ်းခွင့်ရှိသည်။

ထိုဉပဒေသည်အနောက်ဆောင်ကဲ့သို့သော ခွေးသွေးဆန်သည့်နေရာများ၌ ငြိမ်းချမ်းစေသည့်အချက်တစ်ချက်လည်းဖြစ်သည်

🍁ချစ်မိဖုရား🍁Where stories live. Discover now