part 14

465 46 5
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကြည်နူးစရာအချစ်ညကိုဖြတ်သန်းခဲ့သော ဟာန်ပြည့်ရှင်၏မျက်နှာသည် တရက်ထက်တစ်ရက် ပိုမိုမည်းမှောင်လာခဲ့တော့သည်

အကြင်သူက သူ့ကိုသိသိသာသာကို ရှောင်နေတာ
သူဘယ်လိုမှသည်းမခံနိုင်တော့ပေ
အရင်ရက်တွေကသူအလုပ်ရှုပ်နေခဲ့တာမို့ မသိခဲ့ခြင်းသာဖြစ်သည်

သူအဆောင်ပြန်လာတိုင်း အကြင်သူကရှိမနေပေ
သူ့ရင်ထဲတဖြည်းမုန်တိုင်းများကတစတစ်စ ကြီးထွားလာရတော့သည်

ဤသို့ရှောင်ဖယ်နေခြင်းကိုသူသဘောမကျပေ သူ့မိဖုရားသည် သူ့ ကိုသာကြည့်စေချင်သည်၊သူ့ကိုသာပိုအလေးပေးဆက်ဆံစေချင်သည်
သူ့ အနားကိုသာကပ်တွယ်နေစေချင်လွန်းလှသည်

အကြင်သူကြို‌စောင့်မနေတော့သော ထမင်းပွဲအားတချက်ကြည့်ကာ
အစေခံတစ်စုအား ခပ်မာမာမေးလိုက်တော့၏

"ဟွမ်ဟုတ်ဘယ်သွားသလဲ "

အထိန်းတော် ကွမ်းကပင်အနည်းငယ်တုန်ရီနေကာ
"ဧကရီက အခုတလော ကျန်တော်မျိုးမမပါပဲ အဆောင်ကနေ ထွက်ခွာသွားလေ့ရှိပါတယ် ဧကရီက တခါတလ ညည့်နက်မြှပန်လာတတ်ပေမယ့် စောစောအနားယူမြဲပါ အရှင်"

အထိန်းတော်စကားကြားတော့ ရိပေါ်မျက်နှာပိုမိုမည်းမှောင်လာတော့သည်

အနီးကပ်အစေခံကိုတောင်မခစားခိုင်းရအောင် ဘာတွေများလုပ်နေတာလဲ
❗ချင်  ရီ❗
ဟုန်ပြည့်ရှင်၏ အာဏာပြည့်ဝသောအသံကြောင့် အရိပ်သက်တော်စောင့်က ဒူးထောက်ကာအသင့်ခစားလာ၏

"အရှင်ခွင့်လွှတ်ပါ ဒ်ီငယ်သားက ဧကရီရဲ့လက်ရုံးရည်ကိုမမှီပါဘူး
ဒါကြောင့်အတွင်းကျကျမသိခဲ့ပါဘူး
ဧကရီက များသောအားဖြင့် ရှန်ဝမ်ဖေးဖြစ်ဖြစ် စာအုပ်တွေနဲ့ဖြစ်ဖြစ် အချိန်ကုန်တတ်ပါတယ်"

ချင်ရိအမှန်အတိုင်းသာလျှောက်တင်လိုက်တော့သည်
ဟုတ်တယ်‌လေ ဧကရီကိုကသိုင်းပညာမြင့်လွန်းနေတာ
အနောက်ကလိုက်လည်း လှစ်ခနဲဆိုဘယ်မှာမှ ရှာမရတော့ဘူး မျက်ခြေပျက်ပျက်သွားတာ
ပေါ်တင်လည်းလိုက်ချောင်းလို့ကလည်းမရ

🍁ချစ်မိဖုရား🍁Where stories live. Discover now