part 28

400 32 4
                                    

ချစ်သောတို့ရဲ့အလွမ်းပြေ အတွဲလေးလာပါပြီ

🍁ချစ်မိဖုရား🍁

part28

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဆောင်းရာသီအမဲလိုက်ပွဲတော်ကို ဟုန်ကျင်း၏ လွီယန်တောငယ်၌ ကျင်းပ၏
တိုင်းတစ်ပါးကသံတမန်များနှင့် မင်ညီမင်းသားများကလည်းပါဝင်ကြ၏

အမဲလိုက်ပွဲတော်ကိုကြိုစီစဉ်ခဲ့ကြသည်မို့ ပါဝင်ဆင်နွဲမဲ့လူများက အသင့်ရှိနေကြသည်

ယခုတွင်မဆင်နွှဲမီ ဘုရင့်ဉယျာဉ်တော်၌ ဧည့်ခံပွဲနှင့်ဖျော်ဖြေပွဲကိုခရီးကြိုသည့်အနေ့ဖြင့်ကျင်းပလျက်ရှိ၏

နိုင်ငံအသီးသီးနှင့် ဟုန်ကျင်းလက်အောက်ခိုလှုံသောနိုင်ငံငယ်/တိုင်းပြည်ငယ်များကလည်း ပြိုင်ပွဲမကျင်းပမီ ဟုန်ဧကရာဇ်အား
ကုန်သွယ်ရေး၊လက်ဆောင်ပဏာများနှင့် အခွန်လျော့ပေါ့ပေးပါရန် တစ်လှည့်စီတိုးတိတ်စွာတင်ပြကြ၏

"ဧကရာဇ်အရှင် ကျွန်တော်မျိုးက မင်နိုင်ငံငယ်လေးကမင်းသားတစ်ပါးဖြစ်ပါတယ် ကျွန်ုပ်ရဲ့ဦးရီးတော်ဘုရင်က အရှင့်ဆီလက်ဆောင်ပဏ္ဌာများဆက်သလိုက်ကြောင်းပါ "

မင်နိုင်ငံမှစတင်ကာ လျှောက်ထား၏
ဟုန်ဧကရာဇ်သည် သိပ်စိတ်မဝင်စားသော်လည်းလက်ခံလိုက်၏
ဧကရာဇ်၏ထက်မြက်သောမျက်လုံးများက လောလောလတ်လတ်ဆက်သသော မင်နိုင်ငံမှ အမွှေအနှစ်များထဲမှတစ်ခုအား ဖျက်ခနဲမြင်လိုက်ရ၏

[ထာဝရအသက်ရှည်ခြင်းရတနာလမ်းစဉ်]~~
ဧကရာဇ်၏မျက်လုံးများက တချက်လက်သွားကာ ထိုစာလိပ်အားခဏတာစစ်ဆေးကြည့်ရှုလိုက်ကာ စာလိပ်ပါစာကြောင်းအချို့ကို လှန်လှောကျော်ခွကာကြည့်လိုက်၏

ဧကရာဇ်၏အ‌တွေးနှင့်အမူအရာများကရုတ်ချည်း မှန်းဆရခက်သွားစေ၏
ဟုန်ဘုရင်သည် ကန့်လန့်ကာနောက်ကိုတချက်ကြည့်ကာ ပြုံးလိုက်၏

မင်မင်းသားက သူဆက်သလိုက်သောလက်ဆောင်ကြောင့်ဧကရာဇ်ပြုံးတော်မူသည်ကို မြင်လိုက်ရ၏
မကြာမီ ပလ္လင်ထက်ဆီကတည်ငြိမ်သောစကားသံကိုကြားလိုက်ရ၏

"ကောင်းပြီ ကိုယ်တော်မောင်မင်းရဲ့တောင်းဆိုချက်ကိုသဘောတူတယ်"

🍁ချစ်မိဖုရား🍁Where stories live. Discover now