Zawgyi
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
လျန်ဟွား၏ ဟုန်ကျင်းဘုရင်ယာယီတည်းခိုသော လျန်လွေနန်းဆောင်တွင် လေထုကတင်းမာလျက်ရှိသည်
ဟုန်ဘုရင်နှင့် လျန်ဟွားမိဖုရားဟောင်းတို့တိုက်ခိုက်နေကြခြင်းဖြစ်သည်
တယောက်နှင့်တယောက်အလျော့မပေးကြပုံမပေါ်ပေ။
ဟွမ်ကျားယောင်ကတိုက်ခိုက်ရာမြှပန်ခွာသွားတော့ ဒေါသတကြီးမေးလိုက်ပြန်သည်
"မင်း ကျန့်ကျန့်ကို ဘာလုပ်လိုက်တာလဲ"ဟုန်ဘုရင်ကလည်းမိမိအားဘလိုင်းကြီးလာတိုက်ခိုက်တာအကြင်သူအတွက်ကြောင့်တဲ့လေ
သူကလည်းတစ်ခွန်းမခံပြန်ပက်သည်သာ
"ငါ့မိန်းမကိုဘာလုပ်လုပ် ဘယ်သူ့ကိုသံတော်ဦးတင်နေရဦးမှာလဲ"ဟွမ်ကျားယောင်မျက်နှာကဒေါသများကြောင့်နီသထက်နီလာကာ
"မင်း သူ့ကိုအတင်းတိုက်တွန်းတယ်ပေါ့ အဲ့ဒါလုပ်ဖို့လေ""အဲ့တော့ဘာဖြစ်လဲ"
"မင်း...!အရိုင်းအစိုင်းကောင်!"
"ဟမ့် ရိုင်းတော့ဘာဖြစ်လဲ!!"
သူတစ်ခွန်းငါတစ်ခွန်းပြန်ပက်လျက် တိုက်ခိုက်တာလည်းမပြတ်ပေ။
တစ်ယောက်နှင့်တယောက်စကားနာထိုးရင်း တိုက်ခိုက်နေကြသည်လက်ရည်ကလည်းနှစ်ယောက်လုံးက အားမန်အပြည့်နှင့်မို့
ခုထက်ထိမရပ်တန့်ကြသေးပေ။အိပ်ယာထက်မှဧကရီသည် ဆူညံသံများကြောင့် နိုးလာခိုက်
သည်းကြီးမည်းကြီးတိုက်ခိုက်နေသော နှစ်ယောက်သားအား
တွေ့လိုက်ရတော့သည်
နှလုံးတောင်အပြင်ဘက်ခုန်ထွက်တော့မလိုပင်
သောက်ကျိုးနည်း!ဘာတွေဖြစ်နေတာလည်း!!
သူခဏလေးပဲမှေးလိုက်တာပါခဏ!!
သူခုဏကစကားတွေကြားလိုက်ပါတယ်...
သူရီဝေနေတဲ့ခေါင်းတွေတောင် ပိုကိုက်လာသလိုလိုတယောက်မှရပ်ကြမည့်ပုံမပေါ်ကြပေ။
တယောက်ကသူ့အချစ်ဆုံးသူငယ်ချင်း
တယောက်က သူ့ခင်ပွန်း?
ဘယ်လိုကုသိုလ်တွေကြောင့်များ တိုက်ခိုက်ရလောက်တဲ့အထိ ရေစက်ဆုံနေကြတာလဲ?!!သူတစ်ကိုယ်လုံးနားကျင်ကိုက်ခဲနေရာမှ အားယူထကာ
ကွဲအဲသောအသံဖြင့် ဟန့်တားရတော့၏
"မင်းတို့ ရပ်ကြတော့ ငါပြောတာကြားကြလား"
YOU ARE READING
🍁ချစ်မိဖုရား🍁
Historical Fictionဒါလေးက မင်းနှစ်ပါးရဲ့နင့်နင့်နဲနဲချစ်ခြင်းကိုဖော်ကြူးရေးသားထားတဲ့storyလေးပါ #not translation #own creation #you can enjoy my story with both uni and zawgyi