🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဧကရီလေးသည် ဧကရာဇ်နှင့်အတူ နေ့လည်စာသုံးဆောင်ပြီး
အရစ်ခံလိုက်ရမည်မထင်ထားပေ။"ရှောင်း မင်းနောက်နေ့ကစလို့ အဆောင်ပြင်မထွက်နဲ့တော့"
ဧကရီကလည်းထိုသူနှင့်အကွာအဝေးတစ်ခုခြားကာ အဆောင်ထဲ ဧကရာဇ်ကြီးလက်မှ မမိအောင်နေရင်းခပ်စူးစူးပြန်ကြည့်ကာ ပြန်ပက်၏
"ငါကဘာလို့နာခံရမှာလည်းဝေးသေး..!"ဧကရာဇ်သည် သူနှင့်အကွာအဝေးခြားကာ ပြန်ပက်နေသော ဧကရီအား အပြစ်မဆိုရက်ပေ။အကြင်သူကသိပ်ဆိုးတာပဲ...
ဧကရာဇ်ကြီးက အလွန်နာကျင်သောမျက်နှာပုံစံနှင့် မတရားခံရသူပမာ အမူအရာဖြင့် မဲဆွယ်ပြန်၏"ဒါပေမယ့်ကိုယ်သဝန်တိုတယ်လေ"
ဧကရီကလည်းမထီမဲ့မြင်နဲ့တစ်ခွန်းမကျန်ပြန်ပြောမိတာပင်
"သဝန်တိုရအောင် အဲ့တာလည်း မင်းမိန်းမတွေပဲလေ ဘယ်နေရာကငါနဲ့ကွာခြားနေလို့လဲ"ဧကရာဇ်သည်မျက်မှောင်ကျုံသွားရ၏
အဲ့မိန်းမတွေကို သူဘယ်တုန်းကမှ အိမ်ထောင်ဖက်အဖြစ် မသတ်မှတ်ဘူးပါဘူး။လှည့်တောင်ကြည့်ချင်တာမဟုတ်ဘူး။သူချစ်တာတစ်ယောက်တည်းပဲ။"ကွာတာပေါ့ ကိုယ်ကရှောင်းတစ်ယောက်တည်းကိုပဲ ချစ်ပြီး လိုချင်တဲ့ ဟာတသက်လုံးအရိုးဆွေးအောင်ပေါင်းမယ့် ဇနီးကမင်းလေ မသိဘူးလား"
ဧကရီသည် နှုတ်ခမ်းကိုကိုက်ကာ ထိုကျီစယ်လွန်းသောလူအားပြန်ကြည့်မိ၏ တကယ်ကိုပဲ ဟုန်ပြည့်ရှင်ပါးစပ်ကထွက်သမျှ နှောင်ကြိုးနဲ့ဓားသွားတွေအတိုင်းပဲ တဖက်လူကငြင်းဆန်ဖို့ခက်ခဲတယ်
"မသိပါဘူး သိလည်းမသိချင်ဘူး မင်းအဲ့လောက်အားနေရင်တခြားသူဆီသွား ဒီကိုပဲလာကပ်တွယ်မနေနဲ့ မင်း ကော်နဲ့အမျိုးတော်တာလား ဟမ့်!"
ဧကရာဇ်ကသူ့ဆီကပတ်ရှောင်နေသော ဧကရီအား အဓိပ္ပာ
ယ်ဖော်မရသောအပြုံးကြီးဖြင့် စူးစူးရဲရဲစိုက်ကြည့်၏
ဧကရီလေးကတခြားနေရာတွေမှာအရမ်းစွာတေးလန်ပြီး
သတ္တရှိပေမယ့် သူ့အောက်ရောက်မှာအရမ်းကြောက်တတ်တာပဲ
YOU ARE READING
🍁ချစ်မိဖုရား🍁
Historical Fictionဒါလေးက မင်းနှစ်ပါးရဲ့နင့်နင့်နဲနဲချစ်ခြင်းကိုဖော်ကြူးရေးသားထားတဲ့storyလေးပါ #not translation #own creation #you can enjoy my story with both uni and zawgyi