Zawgyi
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ရှောင်းကျန့်၏ တီးခတ်မှုပြီးသွားသည်နှင့် ဟုန်ကျင်းနန်းတော်ခန်းမသည် ခဏတာတိတ်ဆိတ်သွားပြီး ချီးမွမ်းသံအချို့ကလွှမ်းခြုံသွားသည်
ရှောင်းကျန့် တီးခတ်မှုပြီးသည်နှင့်ထလိုက်က မိမိ၏ မူလနေရာသို့ပြန်သွားလိုက်တော့၏
သူ့၏ဖျော်ဖြေမှု မမည်သော ဖျော်ဖြေမှုကို သူဂရုမစိုက်ပေ
ဝတ္တရားအရ တာဝန်တစ်ခုဟုပဲမှတ်ထင်ပစ်လိုက်သည်လူတွေရဲ့ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဆိုတာတွေက ခဏတာတွေပဲ
အဲ့လိုအရာတွေအပေါ်သူ့မှာ ဂုဏ်မောက်ဖို့အချိန်မရှိဘူးသူကတော့ အေးအေးလူလူပဲ ဟုန်ကျင်းရဲ့ ဧကရီတပါးဖြစ်လာရသည့်အတွက် စိတ်မပါရင်တောင် လူ့ကျင့်ဝတ်ထုံးတမ်းတွေတော့သူ မပစ်ပယ်ပေ
အားလုံးစောင့်မျှော်နေကြသည့် ဇာတ်ကြောင်းက ရောက်လို့လာလေသည်
ချွင်းသံတမန်က ဟုန်ပြည့်ရှင်အား မိမိတို့နိုင်ငံဘက်မှ ကုန်သွယ်ရေးအတွက် လမ်းဖောက်လုပ်မည့်အကြောင်းနှင့်
နှစ်စဉ် နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးလက်ဆောင်ပဏ္ဍာများနှင့်တကွ
ချွင်းပြည်ကြီး၏ မင်းသားငယ် အား ဟုန်မင်းကြီး၏ ကြင်ယာတော်အဖြစ် ဆက်သကြောင်းလျှောက်တင်၏ဝမ်ရိပေါ်ပင်မက ခန်းမတစ်ခုလုံး စာချွန်လွှာဖတ်ပြီးသည်နှင့် တိတ်ဆိတ်သွားတော့၏
ဤအရာသည် ကြိုတွက်ထားစရာကိုမလိုအောင် အနှေးနဲ့အမြန်ကို
ရောက်လာမည့်အရာများပင်ချွင်းပြည်က လက်ဆောင်အဖြစ်ဆက်သလိုက်မှတော့ ဘယ်လိုမြှငင်းမရပေ
ကြားထဲကအမြတ်များပင်ပိုလျှံနေသေးသည်ခန်းမထဲရှိအမတ်များက တိုင်းပြည်ရေးကို ရှေးရှုသည့်အတွက်
တချို့ကသဘောတူလက်ခံကြသည်
တချို့ကတော့ ဟုန်မင်းကြီး၏စိတ်ကိုရိပ်မိသည့်အတွက် နှုတ်ပိတ်နေကြသည်ရှောင်းကျန့်ကတော့ဘယ်လိုမှမနေပေ။
ငြိမ်းချမ်းရေးအတွက် ပူးပေါင်းတာကမကောင်းဘူးလား
နောက်ပြီးအဲ့ အကောင်လေးက ဟုန်ပြည့်ရှင်ကြီးနားမှာ ကပ်နေရင်
ပိုတောင်ကောင်းသေး သူတောင်သက်သာသေး.....
YOU ARE READING
🍁ချစ်မိဖုရား🍁
Historical Fictionဒါလေးက မင်းနှစ်ပါးရဲ့နင့်နင့်နဲနဲချစ်ခြင်းကိုဖော်ကြူးရေးသားထားတဲ့storyလေးပါ #not translation #own creation #you can enjoy my story with both uni and zawgyi