Please scroll down for Uni
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ရှန်ဝမ်မင်းသားက အတွင်းဆောင်ရဲ့ လျှိဝှက်မြေအောက်အဆောင်ကို သူနှင့်အစ်ကိုတော်တို့က ကြိုတင်ဆောက်လုပ်ခဲ့တာမို့ အခုတော့အဆင်သင့်ပေ။
သူစစ်ဝတ်စုံကိုဝတ်ရင်း ပြုံးမိ၏ ။အစ်ကိုတော်ကတော့ ပြဇာတ်အကြီးအကြီးကတော့မှာပဲ...အဲ့ပြဇာတ်ကတော့သေချာပေါက် လူတစ်ဦးတည်း အတွက်ပင်ဖြစ်လေ၏
ဟုန်ကျင်းရဲ့ လက်အောက်ကသစ္စာရှိအရာရှိတွေ၊နိုင်ငံငယ်တွေက တစ်စုံတစ်ဦးကစ၍ ဟုန်ဧကရာဇ်အားပုန်ကန်သည်ဟူသော သတင်းကိုရသည်နှင့်
အလုံးအရင်းနှင့် တပြိုင်နက် ချီတက်ကာ ပူးပေါင်းပါဝင်တဲ့ ရန်သူ့နိုင်ငံတွေကိုချေမှုန်းသုတ်သင်လိမ့်မယ်။အခုဆို အထိန်းတော်ဟုန်စီမာရဲ့ငယ်သားတွေက ပုန်ကန်သူ အချို့နဲ့ အမဲလိုက်ကွင်းပြင်က သစ္စာရှိသူတစ်ချို့ကို ချက်ချင်း ကင်းလွတ်ရာပြောင်းရွေ့ နေလောက်ပြီ
ကွမ်းမော့မော့ကလည်းသူမရဲ့အနှစ် နှစ်ဆယ်သွေးကြွေးကို ပျော်ပျော်ကြီးဆပ်နေလောက်ပြီပေါ့
"ချင်ရိ၊ချိရိ၊ချန်နင် !"
ရှန်ဝမ်မင်းသားကဝမ်ရန်ကျိုးက မိန့်လိုက်သည်နှင့် ဟုန်ဘုရင့်အနားကသက်တော်စောင့် သုံးယောက်က ချက်ချင်းပေါ်လာ၏"အရှင့်သားအမိန့်ရှိပါ "
"အင်း....မင်းတို့လည်းအစ်ကိုတော်ရဲ့ ကိစ္စကို သွားမနှောင့်ယှက်စေနဲ့ "
"ဒါပေမယ့်....အမိန့်အတိုင်းပါ"
ချိရိဘယ်လိုမှအရှင့်စိတ်ကိုလိုက်မမှီတော့ဘူး ဘယ်နားကများခရီးနဲ့တူနေတာလဲ ဒါကြီးကအန္တရာယ်များလွန်းတာကြီးမို့ သူမအထွန့်တက်မိ၏ညီမဖြစ်သူ အထွန့်တက်မည်ကိုသိသောကြောင့် ချင်ရိက တံတောင်နှင့်သတိပေးလိုက်၏
သူမကအရှင်နဲ့ပတ်သတ်လာရင်အကဲဆတ်လွန်းတယ်။
ဒါပေမယ့် အရှင်ကမိန့်ခဲ့တာမို့သူတို့ လွန်ဆံရန်မဝံ့ပါချန်နင်က တည်ငြိမ်သူပီပီ နှုတ်ဆိတ်နေကာ တာဝန်ထမ်းဆောင်ရန်အသင့်ဖြစ်နေ၏
"အစ်ကိုတော့်ကိုမင်းတို့ယုံကြည်သင့်တယ် ငါတို့ ဘယ်လောက်ကြာကြာ မင်းတို့အရှင်ကိုယုံကြည်ချက်ရှိရှိနဲ့စောင့်ရမယ်...အစ်ကိုတော်ပြန်လာတဲ့အခါ မင်းတို့ကျယ်ပြန့်ပြီး စည်ပင်ဝပြောတဲ့ဟုန်အင်ပါယာကြီးကိုလက်ဆောင်ပေးသင့်တယ်မထင်ဘူးလား....မှတ်ထား အစ်ကိုတော်က သူ့လက်အောက်ကလူတွေကိုယုံသလို ငါတို့ကလည်းသစ္စာရှိမှုနဲ့ သက်သေပြရမယ်"
YOU ARE READING
🍁ချစ်မိဖုရား🍁
Historical Fictionဒါလေးက မင်းနှစ်ပါးရဲ့နင့်နင့်နဲနဲချစ်ခြင်းကိုဖော်ကြူးရေးသားထားတဲ့storyလေးပါ #not translation #own creation #you can enjoy my story with both uni and zawgyi