part30

601 39 7
                                    

Please scroll down for Uni code

Zawgyi

🍁ချစ်မိဖုရား🍁

   part 30

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဧကရီ ရဲ့‌ကြောက်ရွံ့တုန်ရီနေတဲ့လက်တွေကိုအေးစက်နေတဲ့ လက်တစ်စုံက ထပ်ကိုင်ခြင်းကိုခံလိုက်ရတယ်

"ရှောင်း....မင်း သွားတော့....ကိုယ့်ကိုမယုံဘူးလား သူတို့လိုချင်တာကိုယ့်ရဲ့ခေါင်းပဲ"

ခန္ဓာကိုယ်ပါမက အသံထဲမှာပါ အားနည်းနေသည့်တိုင် ဧကရီအားကာကွယ်ပေးလိုဟန် အပြည့်ပင်

ဧကရီကမယုံကြည်နိုင်စွာကြည့်လာတယ်
*ဘာလို့ သူကဒီလိုပြောနေရတာလဲ ဘာလို့သူ့ကိုထွက်သွားစေချင်ရပြန်တာလဲ?*

သူ,သူ့ကို မမုန်း‌ပေမယ့် ရုတ်တရက်ခွဲခွာဖို့အသင့်မဖြစ်သေးဘူး သူဒီလိုခွဲခွာချင်ခဲ့တာမဟုတ်ပါဘူး

သူ ဧကရာဇ်ရဲ့ နောက်ကျောက မြှားနစ်ချောင်းကို ဂရုတစိုက်
ဆွဲနှုတ်‌ပစ်လိုက်ကာ သွေးထွက်မလွန်စေရန် သွေးကြောအချို့အား ပိတ်ပင်ပေးလိုက်၏

ရှောင်းကျန့် က ကျင့်စဉ်မကျင့်ကြံတာနည်းနည်းကြာပီဖြစ်လို့
သူ့ရဲ့ဒန်ထျန်(ခန္ဓာကိုယ်အတွင်း ဝမ်းဗိုက်အောက်ပိုင်း ချီ/အတွင်းအား စုစည်းရာအရပ်)ထဲရှိ ချီစွမ်းအင်ပမာဏက အရင်ကထက်လျော့နည်းနေပေမယ့်  ကျင့်ကြံသူတစ်ပိုင်း
ဖြစ်သော သူ့အတွက် လွှဲပြောင်းပေးရန်အခက်အခဲမရှိပေ

ရှောင်းကျန့် ပုန်ကန်လုပ်ကြံသူတွေ မမှီခင်အချိန်လေးမှာ သူ့ရဲ့ ချီစွမ်းအင်စုစည်းရာ ဒန်ထျန်ထဲက စွမ်းအင်များကို အလျင်အမြန်လှည့်ပတ်စေကာ ဖြူဖျော့နေသော မိမိခင်ပွန်းသည်ကိုယ်ထဲအား နွေးထွေးသော
စီးကြောင်းတစ်ခု ဝင်ရောက်စေလိုက်သည်

ထိုအခါမှ  အနီလူ၏ ဖြူဖျော့သောပုံစံမှသွေးရောင်ပြန်လွှမ်းလာကာ  အဆိပ်‌‌ပါသောသွေးအချို့ကို အံထုတ်လာ၏

သို့ပေမယ့် အချိန်အများကြီးမရလိုက်ပေ  မြင်းခွာသံများက
ထပ်မံနီးကပ်လာပြန်သည်
ဟစ်ကြွေးနေသော အသံများက
**သူနှင့်ဟုန်ဘုရင်အား မလွှတ်စေနှင့် **ဟူ၍ပင် ဖြစ်၏

🍁ချစ်မိဖုရား🍁Where stories live. Discover now