Zawgyi
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ရှောင်းနျန် ခမည်းတော်ပေါင်ပေါ်တွင်ချွဲ နွဲ့ကာခေါင်းအုံးထား၏
ခမည်းတော်ကတော့အရင်အတိုင်းနွေးထွေးသောလက်တစ်စုံက သူ့၏အညိုမှိုင်းရောင်ဆံနွယ်များအား ပွတ်သပ်ကာချော့မြူပေး၏"နျန်အာ မင်းခုထိကလေးလုပ်တုန်းလား မကြာခင်ဖခင်ဖြစ်လာတော့မယ် "
"သားတော် ကခမည်းတော်ဆီကိုပဲချွဲတာပါနော် တခြားသူဆီကို မချွဲပါဘူး"
သူပေကပ်ကပ်ပြန်ပြောတော့ ခမည်းတော်ကရယ်သံစွက်သော"အွန်း"တစ်လုံးသာပြန်ဖြေ၏"အော်....ခမည်းတော်ရော နေလို့ထိုင်လိုအဆင်ပြေပါ့မလား
ခမည်းတော်ကသားတော်တို့နဲ့မတူဘူးဆိုတော့လေ...."
သူပြောတော့ ခေါင်းကိုပွတ်ပေးသောခမည်းတော်လက်ပင်ရပ်သွားတော့သည်
သူမော့ကြည့်တော့ သူ့ခမည်းတော်၏မျက်နှာသည်ပန်းသွေးရောင်ကနေ အနီရောင်ဖျော့ဖျော့ပင်ထင်နေ၏"နျန်အာ! အဲ့တာကလေးပြောစရာစကားလား"ဟု ခေါင်းခေါက်တာပါအဆစ်ခံလိုက်ရသေး၏
သူ့ခမည်းတော်၏မျက်နှာအားကြည့်ကာ အရယ်ပဲမနေနိုင်တော့ပေ။"အဟား အဟား ဟား ဟား ကြည့်ပါဦးခမည်းတော်ရှက်နေတယ် နားရွက်တွေတောင်နီလို့!"
"နျန်အာ!မင်း ခမည်းတော်ကိုမလေးမစားနဲ့ ဟမ်"ဟု
ပြောကာ သူ့ပါးဖောင်းဖောင်းတွေအားခပ်နာနာညှစ်လာသည်"အ အ နာတယ် နာတယ် သားတော်မှားပါတယ် လို့ လွှတ်ပါဦး
အွီး နာထာ"
ခမည်းတော်လွှတ်လိုက်သည်နှင့် ပူထူနေသော သူ့ပါးသူအုပ်ကိုက်ကာ ဖွက်ထားမိ၏ဟုတ်သည် ရှောင်းကျန့်
ထိုမင်္ဂလာပွဲကိုသူဘယ်တော့မှမေ့မည်မဟုတ်ပေ။ထို့အချိန်က သူ့မှာ ဟုန်ပြည့်ရှင်နှင့်ကိုယ်လက်နှီးနှောအမှုပြုပြီး နောက်တစ်ရက်တွင်
သူ့၏ချီ လမ်းကြောင်းကမောက်ကမဖြစ်အောင်အထိ ဆရာသခင်၏
အပြစ်ပေးခြင်းကိုခံခဲ့ရသည်Flash back
ရှောင်းကျန့် သူ့မင်္ဂဦးညအား ဖြတ်သန်းပြီးနိုးလာချိန်၌ ဟုန်ပြည့်ရှင်က သူ့အနားတွင်မရှိတော့ပေ။
သူဤပြည်သို့ရောက်ပြီးနှစ်ရက်မြောက်နေ့တွင် စိတ်ထဲတွင်သိပြီးသားဖြစ်သော တောင်ဝှေးပန်းရနံ့က နှာခေါင်းဝ၌
ရစ်ဝဲလာ၏
YOU ARE READING
🍁ချစ်မိဖုရား🍁
Historical Fictionဒါလေးက မင်းနှစ်ပါးရဲ့နင့်နင့်နဲနဲချစ်ခြင်းကိုဖော်ကြူးရေးသားထားတဲ့storyလေးပါ #not translation #own creation #you can enjoy my story with both uni and zawgyi