part 11

471 46 1
                                    

Zawgyi


🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ရိပေါ် ဟွမ်းဟုတ်ဆီက ထွက်လာရပေမယ့် စိတ်ကတော့ထိုနေရာမျာသာ ကပ်၍ကျန်နေခဲ့ရသည်
သူသက်ပြင်းချလိုက်မိသည်

ငါ့ဘဝကလည်းဘုရင် တစ်ပါးဖြစ်ပါလျက်အရာရာ ရှုံးနေရတယ်လို့
သူရပ်နေကျ နီ‌စွေး‌စွေး‌မေပယ်ပင်တွေအောက်က ကျေက်စားပွဲဖြူလေးမှပဲထိုင်ကာ စိတ်တို့ကို‌ဖြေလျော့နေရသည်

ဟုန်စီမာက အလိုက်တသိပင်"အရှင်ဒီငယ်သားက အရှင့်ကိုသက်သာအောင်လုပ်ပေးပါရစေ"

ဟုတ်စီမာ၏စကားအားသူခေါင်းညိမ့်တုန့်ပြန်လိုက်သည်

မကြာလိုက်ပေ ချင်ရိက ရိပ်ခနဲပေါ်လာကာ စာအိပ်တစ်ခုအားချပေးလိုက်ရင်း"အရှင်မင်းကြီး စုံစမ်းခိုင်းတာရပါပြီ ချွင်းပြည်နယ်က တိတ်တဆိတ် ရုန်နိုင်ငံနဲ့ ပူးပေါင်းနေတယ်လို့ သံသယရှိပါတယ်"

ရိပေါ်ကလက်ဟန်ပြတော့သက်တော်စောင့်ချင်ရိက ပျောက်ကွယ်သွားတော့သည်

ဟုန်စီမာက မင်းကြီးကိုနှိပ်နယ်ပေးရင်း အပြုံးဖြင့်
"အရှင်မင်းကြီး ဧကရီက ဒီနှစ်ဆောင်ဦးကနေနောင်နှစ် နွေ‌နှောင်းအထိ အစေခံတွေကိုလစာတိုးပေးထားပါတယ် ခိုင်ခံပြီးအကြမ်းခံတဲ့ ဝတ်စုံတွေကိုလဲချီးမြှင့် လိုက်ပါသေးတယ်"

ရိပေါ်ပြုံးလိုက်ရင်း "စီမာ ကိုယ်တော် ဟွမ်ဟုတ်ကိုဘာကြောင့်ဧကရီနေရာပေးလဲမောင်မင်းသိသလား"

ဟုန်စီမာ ဧကရီကကြင်နာမှန်းသိသော်လည်း ယုံတော့မယုံရဲသေးပေ
မတော်လို့ ပုန်ကန်ခဲလျှင်....
"ဒီငယ်သားက မသိပါဘူးဘုရား"

"ဟွမ်ဟုတ်ကို ကိုယ်တော်ချစ်တာချည်းသက်သက်ပဲလို့  ထင်ကောင်းထင်နိုင်တယ် ဟွမ်ဟုတ်ကဘုရင်ဖြစ်ခဲ့ပေမယ့် အတ္တမာန်မာနကင်းတယ်၊သူ့ စိတ်နှလုံးက ကိုယ်တော်တို့ထင်ထားတာထက်အဆများစွာဖြူစင်တယ်၊ပါးနပ်တယ်၊အရိပ်အ‌ခြေသိတယ် သူသာပုန်ကန်တော်လှန်ချင်ရင် ကိုယ်တော်ဒီနေ့အထိ အသက်ရှင်လျက်ထိုင်နေနိုင်မယ်ထင်လား
မောင်မင်းရဲ့ ဧကရီကို မောင်မင်းအမြင်မှားနေပြီ သူကကိုယ်တော်နဲ့အတူ သေချာပေါက်အိုသည်အထိလက်တွဲမယ့် လက်တွဲဖော်အစစ် ဖြစ်လာလိမ့်မယ်"

🍁ချစ်မိဖုရား🍁Where stories live. Discover now