Part24

427 33 1
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဟုန်ကျင်းနှင့် လျန်ဟွားထိစပ်ရာ နယ်နိမိတ်သည် ဟုန်ကျင်းအတွင်းပိုင်းဒေသနှင့်ယှဉ်လျင်အတော်လေးကိုအေးသည့်‌နေရာဟုဆိုရမည် ။

ချစ်မိဖုရားအတွက် တောယုန်ဖမ်းသောမင်းကြီးလည်း  လေးနှင့်မြားလွယ်လျက်လက်စွဲတော်မြင်းနှင့်အတူ ပြန်လာချေပြီ။
မျက်နှာတော်မှာလည်းငယ်ရွယ်မှုနှင့် တစ်စုံတစ်ဦးအပေါ်ချစ်မြတ်နိုးလွန်းသော အသွင်သဏ္ဍာန်က လည်းပေါ်လွင်လှ၏။

ရှန်ဝမ်ဖေးအတွက် မှိုဟင်းချို ပြင်ရန်သွားသော ရှန်ဝမ်မင်းသားသည်လည်း ဗန်းငယ်ထဲ၌ အငွေ့ မပြယ်သေး
သောဟင်းချိုပန်းကန်ကိုသယ်လျက် သူ့၏ ချစ်ရသူရှိရာ အဆောင်ငယ်အတွင်းသို့  အပြုံးတစ်ပွင့်ကိုဆင်မြန်းလျက်တန်းတန်းမတ်မတ် သွားတော့မည် ဖြစ်သည်။

အဆောင်တော်တွင်းတွင် နိုးလာတာမကြာသေး‌သော သမားတော် မုယွမ်လုံက ‌ရှောင်းနျန်ဆိုသည့် ရှန်ဝမ်ဖေးအား လာရောက်‌‌တွေ့ ဆုံ၏

"အရှင့်သား....ကျွန်တော်မျိုး အရှင့်သားကိုမှာချင်တာက  အစစအရာရာပိုပြီးဂရုစိုက်ပေးပါ၊ပြီးတော့ အရှင့်သားဆေးကြောက်လို့လည်းမရပါဘူး၊အခုဆို အရှင့်သားက ရင်သွေး မွေးဖွားဖို့ အချိန်၂လလောက်ပဲ လိုတော့တာမို့ စိတ်ကို အတတ်နိုင်ဆုံးလွတ်လွတ်လပ်လပ်နေတာကောင်းပါတယ်။
ခန္ဓာကိုယ် ကိုက်ခဲတာ၊နေထိုင်မသာဖြစ်တာတွေက အရှင့်သား ခရီးပန်းလို့ဖြစ်ပါလိမ့်မယ်"

ဟုတ်သည် အရှင့်သားက ဟုန်ကျင်းကနေလျန်ဟွားကို ကိုယ်တိုင်လာရတယ်၊ခုလဲ ခရီရှည်ကြီးကိုဆက်ရပြန်ပြီလေ။သမားတော်တစ်ယောက်အနေနဲ့ အရှင့်သားရဲ့ ဗီဇခန္ဓာကိုယ်က ကြံ့ခိုင်လို့ သာမန်ကိုယ်ဝန်သည်‌တွေလို့  နာမကျန်းတာတို့၊အထိုင်အထခက်တာတို့ မရှိဘူး။

"အင်း...အရှင့်သားက ယောင်္ကျားမဒီတစ်ယောက်မို့ ကျင့်စဉ်
တော့ရှိမှာပါ...ကျွန်တော်မျိုး အရှင့်သားကိုတစ်ခုသိစေချင်ပါတယ် ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးပြီး၇လအထိ ခင်ပွန်းသည်နဲ့ ကိုယ်လက်နှီးနှောမှု
ကိုရှောင်ပေးစေချင်ပါတယ်"

🍁ချစ်မိဖုရား🍁Where stories live. Discover now