Part13

454 47 3
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဟုန်ကျင်း ညီလာခံခန်းမ၏ ပုလ္လင်ထက်တွင် သေချာပေါက် တိုင်းပြည်၏အရှင်နှစ်ပါးက ရှိမနေပေ

ခန်းမထဲရှိ အမတ်များ သက်ဆိုင်ရာ တာဝန်ကျသူ များက လူမရှိတဲ့ ပုလ္လင်အလွတ်ဘက်ကို ဆက်ပြီးခစားရမလို သူတို့ဘာသာသူတို့ ညီလာခံသိမ်းရမလို ဖြစ်နေကြသည်

သူတို့စောင့်နေရတာ အတော်တောင်ကြာရော့မယ်
ထိုသို့ ဝေခွဲမရ ဖြစ်နေစဉ်တွင်  အရှင်မင်းကြီး၏ အထိန်းတော်ဟုန်စီမာက အမတ်များ ညီလာခံကို ဤယနေ့ တက်ရောက်ခစားရန်မလိုဟု အရှင့်၏ အမိန့်တော်ကို လာရောက်ချမှတ်ကာ လှည့်ပြန်သွားတော့သည်

ညီလာခံရှိအမတ်များက သို့လောသို့လော အ‌တွေးခေါင်နေကြစဉ်
တချို့ အမတ်များကတော့ တိုင်းပြည်၏ ပထမဆုံး ဧကရီတင်မြှောက်ပွဲကို သွားသတိရမိကြသည်

ဘာမဆိုင်ညာမဆိုင် သက်တော်ရှည်အမတ်ချုပ်ကြီးကပင် မှုတ်ဆိတ်ရှည်ရှည်ကိုသပ်လျက် ညီလာခံခန်းမထဲကလျှောက်ထွက်လာရင်း
"အိမ်း...လူငယ်တွေများ တယ်လည်းကြိုးစားအားထုတ်ကြသကိုး"

သို့လောသို့လော အတွေး‌ခေါင်နေသောအမတ်များ
"သက်တော်ရှည်အမတ်ကြီးက ဘာကိုပြောသွားတာလဲ"(အချင်းချင်းတီးတိုးပြောသံ)

ရိပ်မိကြသောအမတ်များ"ငယ်ရွယ်သူတွေများတက်ကြွ
ဖျက်လက်နေ‌တော့တာပဲ...."

............

တဖက်မှာတော့ ငယ်ရွယ်သော အရှင်မင်းကြီးက လိုအင်ဆန္ဒ အပြည့်အဝခံစားလိုက်ရသော ဟုန်ပြည့်ရှင်သည် ပြုံးတော်မူနေသည်မှာ တကယ်ကို လူယုတ်မာကြီးအတိုင်းပင်

ရင်ခွင်တွင်းက အိပ်နေခဲ့သော သူ့၏ချစ်မိဖုရားသည် နဂိုထက် မြတ်နိုးဖွယ်အတိပင်
ကြည့်စမ်းပါဦး  နမ်းရာ၊ကိုက်ရာ အပြည့်နဲ့ လှနေလိုက်တာ
တ‌စ်နေရာမှာမှ ကွက်လပ်ရယ်လို့အကျန်ခဲ့ဘူး

အကျိုးရလဒ်အနေနဲ့ ချစ်ရသူ၏ ရန်ထောင်စကားများက တရစပ်ထွက်လာသည်ကိုပင် အံ့ဩစရာပဲ
သူနမ်းလိုက်မှာပိတ်ပိတ်သွားတာ  ပေါက်ပေါက်ဖောက်လိုက်တာများဆိုတာလေ

🍁ချစ်မိဖုရား🍁Where stories live. Discover now