Zawgyi
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဆောင်းဦးရဲ့နေရောင်ခြည်က သိပ်မနွေးထွေးသော်လည်း ဧကရီအိပ်ဆောင်တွင်းခန်းထဲတွင်တော့ နွေးထွေးလို့နေသည်
စောစောထတတ်သော အကျင့်ရှိသည့်ဝမ်ရိပေါ်သည်ပင် တာဝန်ဝတ္တရားများကိုလစ်လျူရှု၍ သူ့ရင်ခွင်တွင်းက အမျိုးသားလေးနှင့်အတူ အခုလိုပွေ့ ဖက်၍ထပ်မံအိပ်စက်ကာ မနိုးထချင်တော့ပေ။
သူ ချစ်မိဖုရား၏ နဖူးအားတချက်နမ်းရင်း အိပ်ယာထဲက အသံမထွက်အောင် တိတ်တိတ်လေးထထိုင်ကာ မနိုးသေးသော အိပ်ယာထဲက ချစ်ရသူ၏ ဆံနွယ်များကိုနမ်းရှုံ့ ရင်း
*မင်းကလေ သိလား ဒီလူ့ကိုဆို သိပ်စိမ်းကားတာပဲ ကြည့်ပြန်ရင်လည်းသူစိမ်းဆန်လိုက်ပါဘိ အနားကပ်ပြန်ရင်လည်း အန္တရာယ်ကောင်ကြီးလို ဒီလူကိုဝေးဝေးကရှောင်တယ် ခေါင်းမော့ရင်ကော့ခဲ့သမျှ ဒီဘုရင်လည်း မင်းနဲ့ကျမှ ခေါင်းငုံ့ အရှုံးပေးရပေါင်းလည်းမနည်းတော့ဘူး မင်းဘက်ကသာလေ ဒီလူကို တချက်ကလေး ပြန်လှည့်ကြည့်ရင်လေ ဒီဘုရင်က ထိပ်ပေါ်တင်ပြီး ကမ်းကုန်အောင်အလိုလိုက်ထားမှာ မင်းသိသားနဲ့
ဆိုးလိုက်တာ...*သူအတွေးတို့ကိုအဆုံးသတ်၍ အတွင်းတံခါးကိုဖွင့်တော့ အစေခံလေးက အံ့ဩသွားဟန်တူသည်
ဟုတ်သည်လေ အရှင်က ဧကရီနိုးလာတဲ့အထိစောင့်ဦးမယ်မှတ်နေတာ
"ကိုယ်လက်သန့်စင်ဖို့သွားယူချေ တိုးတိုးတိတ်တိတ်လုပ် မင်းတို့၏ကရီကိုမနိုးစေနဲ့ "အစေခံ အခြွေရံတို့က သူတို့၏ ဧကရာဇ်ကိုကြည့်ကာမပြုံးပဲမနေနိုင်ကြချေ
ဧကရာဇ်က သိပ်ရက်စက်ပြတ်သားသလောက် ဧကရီကိုတော့ ယုယကာကြင်နာသည်ဧကရာဇ်၏ ချစ်တတ်လိုက်ပုံများ စကားနဲ့တောင်ဖော်ပြဖို့ သူတို့မစွမ်းသာပေ
ဟုတ်သည် ဧကရာဇ်သည် အနောက်ဆောင်မှရောက်လာသောအလှလေးများအား မထိခဲ့ပေ
အရင်နှစ်များကဆိုရင် ကြင်ယာတော်အချင်းချင်း မကောင်းကြံသည်ဖြစ်စေ အနောက်ဆောင်စည်းမျည်းဖောက်ဖျက်လာသည်ဆိုလျှင် ဧကရာဇ်သည် ချက်ချင်းမဆိုင်းပဲ အသိတရားရရင်ရ မရရင် သေဒဏ်ပေးလောက်သည်အထိ ရက်စက်ပြတ်သားသည်
YOU ARE READING
🍁ချစ်မိဖုရား🍁
Historical Fictionဒါလေးက မင်းနှစ်ပါးရဲ့နင့်နင့်နဲနဲချစ်ခြင်းကိုဖော်ကြူးရေးသားထားတဲ့storyလေးပါ #not translation #own creation #you can enjoy my story with both uni and zawgyi